
အရုဏ်ဆွမ်း...
(မုန့်ဟင်းခါးဆွမ်း )
နှစ်ဖက်သောမိဘ၊အဘိုးအဖွားများကို အမှူးထား၍ ဦးသောင်းညွှန့်+ဒေါ်နော်ဆဲဖော မိသားစု
နေ့ဆွမ်း......
(ဆွမ်း ၊ဘဲဥချဉ်ဟင်း ၊ ပဲနီသုတ် ၊ အစိမ်းကြော် ၊ငရုတ်သီးပါလချောင်ကြော်)
နှစ်ဖက်သောမိဘ၊အဘိုးအဖွားများကို အမှူးထား၍ မောင်ရဲရင့်နီ+မချိုးချိုး တို့မှ လှူဒါန်းခဲ့ကြပါတယ်။
မနေ့ညက စစ်ကိုင်းမှာမိုးရွာတော့ မနက်ခင်း မိုးအေးအေးနဲ့ မုန့်ဟင်းခါးဆွမ်းကို အလွန် ဘုန်းပေးကြပါတယ်ရှင်။
မွေးနေ့အလှူရှင်နဲ့တကွ မိသားစုများအားလုံး စိတ်၏ချမ်းသာခြင်း ၊ကိုယ်၏ကျန်းမာခြင်းများနဲ့ ပြီးပြည့်စုံပြီး ၊မိမိတို့ပြုသော အလှူအတွက် ၀မ်းမြောက်ဝမ်းသာစွာ သာဓုခေါ်ဆိုနိုင်ကြပါစေ
ဒီနေ့အလှူဖြစ်မြောက်ဘို့အတွက် ဆောင်ရွက်ပေးခဲ့ကြသော ဦးဇင်းဦးကောဝိဒနဲ့အတူ စစ်ကိုင်းတောင်ရိုးမှ ဝေယျာဝစ္စ အလှူရှင်များအားလုံးကို ကျေးဇူးအထူးတင်ရှိပါတယ်ရှင်။






2 comments:
ဒီနေ့အလှူဖြစ်မြောက်ဘို့အတွက် ဆောင်ရွက်ပေးခဲ့ကြသော ဦးဇင်းဦးကောဝိဒနဲ့အတူမ၀ါဝါခိုင်မင်း၊မဥမ္မာဌေးနှင့်တကွ စစ်ကိုင်းတောင်ရိုးမှ ဝေယျာဝစ္စ အလှူရှင်များအားလုံးကို ကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျာ။
ထပ်တူဝမ်းသာစွာနဲ့ သာဓုခေါ်ဆိုပါတယ် ရဲရင့်နီရေ...း)
Post a Comment