ယနေ့ ၁၉.၃.၂၀၁၀ ရက်နေ့ တန်ခူးလဆန်း (၅) ရက် သောကြာနေ့
ကိုဟန်လင်းအောင်ရဲ့ မွေးနေ့အထိမ်းအမှတ်အလှူအဖြစ်
အရုဏ် မုန့်ဟင်းခါးဆွမ်းကပ်လှူခဲ့ပါတယ်။
နေ့ဆွမ်းအတွက်
ဆွမ်း
ဝက်သား+အာလူးဟင်း
ပဲနီသုတ်
ပဲတီချဉ်
ငရုတ်သီး+ပါလချောင်ကြော်
တို့လောင်းလှူခဲ့ပါတယ်။
ယနေ့ ကိုဟန်လင်းအောင်ရဲ့ဇနီးဖြစ်သူ မကြည်စင်သန့် ရဲ့ ဖခင်ကိုယ်တိုင်လာရောက်လောင်းလှူပေးခြင်းဖြစ်
ပါတယ်။ မွေးနေ့ရှင် ကိုဟန်လင်းအောင် နှင့် ဇနီးမကြည်စင်သန့် တို့ စိတ်၏ချမ်းသာခြင်းကိုယ်၏ကျန်းမာခြင်း
အပေါင်းတို့နှင့်ပြည့်စုံ၍ မိဘကျေးဇူး အထူးသိတတ်သော အမျိုးကောင်းသား၊ အမျိုးကောင်းသမီးများဖြစ်ပါစေ
လို့ဆွမ်းလောင်းအသင်း မှဆုတောင်းမေတ္တာများပို့သလိုက်ပါတယ်။
ဦးသောင်းညွှန့်+ဒေါ်နော်ဆဲဖေါ မိသားစု တို့မှအရုဏ် မုန့်ဟင်းခါးဆွမ်းအလှူ နှင့်
နှစ်ဖက်သောမိဘ၊အဘိုးအဖွားများကို အမှူးထား၍
မောင်ရဲရင့်နီ+မချိုးချိုး တို့မှ နေ့ဆွမ်းအလှူ အဖြစ်လှူဒါန်းကြမည်ဖြစ်ပါသည်။


0 comments:
Post a Comment