Tuesday, March 9, 2010

ဘလော့ဂ်အကယ်ဒမီ နဲ့ စစ်ကိုင်းတောင်ရိုးဆွမ်းလောင်းအသင်း


MBAA 2009 ၏ ဆုများကို ဆုရရှိသူ ဘလော်ဂါများ ထံသို့ ပေးအပ်ချီးမြှင့်ခြင်း...

(၁) မြန်မာဘလော်ဂါပရက်စ် မှ ကြီးမှူးကျင်းပ၍ မြန်မာသတင်းသမဂ္ဂမှ
ပေးအပ်ချီးမြှင့်သော "အကောင်းဆုံး မြန်မာဘလော့ဂ် အကယ်ဒမီဆု (၂၀၀၉)" မဲပေးခြင်း
အစီစဉ်အား ဖေဖေါ်ဝါရီလ (၂၅) ရက်နေ့၊ ၂၀၁၀ ခုနှစ် ၊ မြန်မာစံတော်ချိန် နံနက်
(၀၉း၃၀) နာရီ တွင် စတင်ကျင်းပခဲ့ပါသည်။

(၂) မဲပေးရန်ကဏ္ဍပေါင်း (၁၀) ခု နှင့် မဲပေးခံ ဘလော့ဂ်ပေါင်း (၁၂၄) ခု
တို့ပါဝင်ခဲ့ကာ မဲပေးခဲ့သည့်အကြိမ်ပေါင်း (၂၇၅၈) ဦး၊ လက်ခံရရှိသော စုစုပေါင်း
မဲအရေအတွက် (၄၅၂၃) မဲ တို့ဖြင့်ဖေဖေါ်ဝါရီလ (၁၅) ရက်နေ့၊ ၂၀၀၉ ခုနှစ် ၊
မြန်မာစံတော်ချိန် ည (၁၂း၀၀) နာရီ တွင် မဲပေးခြင်းအစီအစဉ်ကို
ပိတ်သိမ်းခဲ့ပါသည်။

(၃) မဲများအား ရေတွက်ရာတွင် ဖြစ်နိုင်သမျှ အသန့်ရှင်းဆုံးနှင့် အမှန်ကန်ဆုံး
ဖြစ်စေရေး ကိုရေးရှု၍ မဲစိစစ်ရေး ဘုတ် အဖွဲ့ဖြင့် မဲများရေတွက်ပြီး ကဏ္ဍအလိုက်
ဆုရရှိသူများ စာရင်းကို ထုတ်ပြန် ကြေညာရန် ဆုကြေညာမည့် အချိန်ကို မူလ
သတ်မှတ်ထားချိန်ထက် (၄၈) နာရီ တိတိ နောက်သို့ ရွှေ့ဆိုင်း သတ်မှတ်ခဲ့ပါသည်။

(၄) အပြီးသတ်အနေဖြင့် မြန်မာဘလော့ဂ်လောကရှိ ဘလော့ဂ်ဖတ်သူများ၊ ဘလော့ဂ်ရေးသူများ
အားလုံး တို့၏ ပူးပေါင်း ပါဝင် ဆောင်ရွက်မှုများဖြင့် ခရစ် သက္ကရာဇ်၂၀၀၉ - ခုနှစ်
အတွက် "အကောင်းဆုံး မြန်မာဘလော့ဂ် အကယ်ဒမီဆု"ရရှိ သူများစာရင်းကို ခရစ်သက္ကရာဇ်
၂၀၁၀ ခုနှစ်၊ ဖေဖေါ်ဝါရီလ (၂၂) ရက်နေ့ ၊ ညနေ ၀၅း၀၀ နာရီ တိတိ တွင်
ဖွင့်လှစ်ကြေညာခဲ့ပြီး ဆုရသူများစာရင်းအား တစ်ပတ်အတွင်း ကန့်ကွက်လိုသူများ
ရှိပါက ကန့်ကွက်နိုင်ကြောင်း တို့ကိုပါ တစ်ပါတည်း ကြေညာခဲ့ပြီး ဖြစ်ပါသည်။

(၅) ယနေ့ ခရစ်သက္ကရာဇ် ၂၀၁၀ ခုနှစ်၊ ဖေဖေါ်ဝါရီလ (၀၅) ရက်နေ့ တွင်
မြန်မာဘလော့ဂါပရက်စ် မှ ကြေညာခဲ့ပြီး ဖြစ်သည့် အတိုင်း ခရစ် သက္ကရာဇ်၂၀၀၉ -
ခုနှစ် အတွက် "အကောင်းဆုံး မြန်မာဘလော့ဂ် အကယ်ဒမီ" ဆုရ ဘလော့ဂ်များ စာရင်းပါ
ဘလော်ဂါများအား ကန့်ကွက်သူမရှိ အပြီးသတ် အတည်ပြု၍ အောက်ပါ အတိုင်း ဆုများအား
ပေးအပ်ချီးမြှင့် လိုက်ပါသည်။

"အကောင်းဆုံး မြန်မာဘလော့ဂ် အကယ်ဒမီဆု (၂၀၀၉) " ဆုရရှိသူ ဘလော့ဂ်များ စာရင်း

(က) အကောင်းဆုံး သာသနာတော်အကျိုးပြု စာပေဘလော့ဂ်ဆု - သီတဂူစတား ဘလော့ဂ်

(ခ) အကောင်းဆုံး နည်းပညာအကျိုးပြု စာပေဘလော့ဂ်ဆု - ညီနေမင်း ဘလော့ဂ်

(ဂ) အကောင်းဆုံး နိုင်ငံအကျိုးပြု သတင်းနှင့်စာပေ ဘလော့ဂ်ဆု - စည်းလုံးခြင်းရဲ
့ အင်အား ဘလော့ဂ်

(ဃ) အကောင်းဆုံး လူမှုအကျိုးပြု ပရဟိတအသင်းအဖွဲ့ ဘလော့ဂ်ဆု -
စစ်ကိုင်းတောင်ရိုး ဆွမ်းလောင်းအသင်း ဘလော့ဂ်

(င) အကောင်းဆုံး ပညာရေးနှင့် ပညာပေး စာပေဘလော့ဂ်ဆု - မြန်မာစာ မြန်မာစကား
ဘလော့ဂ်

(စ) အကောင်းဆုံး ရင်တွင်းဖြစ်ခံစားမှုစာစုများနှင့် ရသကဗျာ စာပေဘလော့ဂ်ဆု -
မြစ်ကျိုးအင်း ဘလော့ဂ်

(ဆ) အကောင်းဆုံး အစုအဖွဲ့ ဘလော့ဂ်ဆု - ငပေါများဂေဟာ ဘလော့ဂ်

(ဇ) အကောင်းဆုံး လူမှုဘ၀သရုပ်ဖော် စာပေဘလော့ဂ်ဆု - နှင်းနဲ့မာယာ

(ဈ) အကောင်းဆုံး ဘာသာပြန်ရသ စာပေဘလော့ဂ်ဆု - ကိုပီတာရဲ့ အတွေးပုံရိပ်များ
ဘလော့ဂ်

(ည) အကောင်းဆုံး အထွေထွေ ဘလော့ဂ်ဆု - Myanmar E-Books ဘလော့ဂ်

------------------------------

(၆) ပေးအပ်ချီးမြှင့်မည့် ဆုများမှာ ဆုရရှိသူအားလုံး အတွက် တစ်ဦးချင်းစီအလိုက် ဂုဏ်ပြုလွှာ တစ်စောင်စီနှင့် လက်ဆောင်ပစ္စည်း အဖြစ် အောက်ပါ ရွေးချယ်ဖွယ်(၂) မျိုးမှ တစ်ခုအား မိမိကြိုက်နှစ်သစ်ရာကို ပေးအပ် ချီးမြှင့်သွားပါမည်။

(က) မိမိစိတ်ကြိုက် ဒိုမိန်း တစ်ခု နှင့် ဝဘ်ဟို့စ်တင်း ဆာဗာ (၂) နှစ်စာ
(ခ) Rapidshare, Megaupload, Sendspace.. etc အစရှိသည့် အင်တာနက်
ဖိုင်သိမ်းဆည်းခြင်းနှင့် ဒေါင်းလုဒ်လုပ်ခွင့် အကောင့် - (၂) နှစ်စာ

(၇) အထက်ပါ ကြေညာချက် အတိုင်း ဆုရရှိသူ ဘလော်ဂါများထံသို့လည်း တစ်ဦးချင်းစီ
အလိုက် ဂုဏ်ပြုချီးမြှင့်လွှာ တစ်စောင်စီနှင့် တစ်ကွ ရရှိသည့် လက်ဆောင်ပစ္စည်း
အမျိုးအမည်များကို တစ်ပါတည်း အီးမေးလ် ဖြင့် ပေးအပ် ချီးမြှင့်ပြီး ဖြစ်ပါသည်။

(၈) ပေးအပ်ချီးမြှင့်သော ဆုများ၏ ကုန်ကျစရိတ်များ၊ ကျသင့်ငွေများနှင့် ပတ်သက်၍
မြန်မာ ဘလော်ဂါပရက်စ်၊ မြန်မာသတင်းသမဂ္ဂ နှင့် နယ်ခြားမဲ့ သတင်းထောက်များအဖွဲ့
တို့က တိုက်ရိုက်ကျခံပါသည်။ အခြား မည်သည့် ပုဂ္ဂိုလ်၊ မည်သည့် အဖွဲ့အစည်း
ထံသို့မျှ ရံပုံငွေ ကောက်ခံခြင်းမျိုး လုံးဝ မရှိပါကြောင်း တစ်ပါတည်း
ရှင်းလင်းစွာ အသိပေး အပ်ပါသည်။

(၉) အကောင်းဆုံး ပရဟိတ ဘလော့ဂ်ဆု ကဏ္ဍ အတွက် ဆုရရှိသူ မှာ လူကြီးမင်း ကိုယ်တိုင်
ဖြစ်ပြီး အထက်ပါ ရရှိသော ဆုနှင့် ပတ်သက်၍ ယခု လူကြီးမင်းထံသို့ ပေးပို့သော
အီးမေးလ်တွင် မြန်မာဘလော်ဂါပရက်စ်နှင့် မြန်မာသတင်းသမဂ္ဂ၏ ဂုဏ်ပြုလွှာ တစ်ပါတည်း
ပါရှိပြီး ဖြစ်ပါသည်။

(၁၀) ကျန်ရှိသော လက်ဆောင်ပစ္စည်း နှင့် ပတ်သက်၍ ရွေးချယ်ရန်မှာ အထက်တွင်
ပါရှိသည့် နံပါတ် (၆) အချက်ပါ အတိုင်း မိမိ စိတ်ကြိုက် လက်ဆောင် ပစ္စည်းတစ်ခုကို
ရွေးချယ်ကာ အမှတ်စဉ် (က) အတွက်ဆိုပါက မိမိအလိုရှိသည့် ဒိုမိန်းနာမည် ကို
ကျွန်ုပ်တို့ထံသို့ အီးမေးလ် ဖြင့် ပြန်လည် အကြောင်းကြားသွားပေးရန် နှင့်
အဆိုပါ ဒိုမိန်းအား ဆာဗာနှင့် တကွ ဝယ်ယူပြီးပါက အသုံးပြုနိုင်ရန် အတွက်
လူကြီးမင်းထံသို့ Account User Name နှင့် Password တို့ကို အီးမေးလ်မှ တစ်ဆင့်
ပေးပို့၍ အမြန်ဆုံး အကြောင်းကြားသွားပေးမည် ဖြစ်ပါသည်။

(၁၁) ယခု ဆုရရှိသူ ဘလော်ဂါ လူကြီးမင်း အနေဖြင့် အပန်းမကြီးနိုင်ဟု ယူဆ၍
သော်လည်းကောင်း၊ အခြား ကျန်ရှိသည့် ဘလော်ဂါများ၊ စာဖတ်သူများ အားလည်း မိမိ၏
ယခုရရှိသည့် ဆုနှင့် ပတ်သက်၍ ခံစားမှုကို သိရှိဖတ်ရှုနိုင်ကြစေရန် သော်
လည်းကောင်း ရည်စူး၍ မြန်မာ ဘလော်ဂါ ပရက်စ် အနေဖြင့် ယခုဆုပေးပွဲကြီး တစ်ခုလုံး၏
အပိတ် အစီအစဉ် ဟု ဆိုနိုင်သော အင်တာဗျူး တစ်ခုစီအား လူကြီးမင်းတို့နှင့်
နွေးနွေးထွေးထွေး ပြုလုပ်လိုလှပြီး မြန်မာဘလော်ဂါပရက်စ် ၏ ဘလောဂ်စာမျက်နှာတွင်
အားလုံးပါ ဖတ်ရှုခံစားနိုင်အောင် မှတ်တမ်းတင် ဂုဏ်ပြု ဖော်ပြထားလိုလှပါသည်။

(၁၂) အကယ်၍ လူကြီးမင်း အနေဖြင့် လွန်စွာမှ အပန်းမကြီးခဲ့လျင် အောက်ပါ မေးခွန်း(၆) ခု ခန့်အား လွတ်လွတ်လပ်လပ် ဖြေဆို၍ ကျွန်ုပ်တို့၏ ယခု အီးမေးလ် သို့
တိုက်ရိုက်ဖြစ်စေ၊ Word File ဖြင့် Attach တွဲ၍ ဖြစ်စေ ပြန်လည်ပေးပို့မည်
ဆိုပါက ကျွန်ုပ်တို့အားလုံး နှင့်တကွ အားလုံးသော စာဖတ်ပရိတ်သတ်များ အနေဖြင့်
လူကြီးမင်းကို အထူး ကျေးဇူးတင်ရှိကြလိမ့်မည် ဖြစ်ကြောင်း လေးလေးစားစား ပန်ကြား
အသိပေး လိုက်ရပါသည်။


မေးခွန်းများ
၁. ဘလော့ဂ်အကယ်ဒမီပေးပွဲ ဆိုတာကို စကြားမိတော့ စိတ်ထဲမှာ ဘယ်လိုခံစားရပါသလဲ၊
ဘယ်လိုထင်မြင်မိပါသလဲ။

၂. ဘလော့ဂ်အကယ်ဒမီပေးပွဲဟာ ဘလော့ဂါတွေအပေါ်ကို ဘယ်လို ဂယက်ရိုက်စေနိုင်တယ်လို့
ထင်မြင်မိပါသလဲ.

၃. မဲပေးစနစ်ကို ကျေနပ်မှု ရှိပါသလား၊ ဒီ့ထက်ပိုမိုကောင်းမွန်တဲ့ နည်းလမ်း
အကြံပြုချင်တာများ ရှိပါသလား.

၎. အခုလို ဆု ရရှိတဲ့အတွက် ဘယ်လိုခံစားရပါသလဲ။

၅. အခုရရှိတဲ့ ဆု ဟာ မိတ်ဆွ အပေါ် ဘယ်လို အသုံးဝင်စေ ပါသလဲ။ လာမည့် နှစ်တွေ မှာ
ဘယ်လို ဆု မျိုးတွေ ပေးသင့်ပါသလဲ။

၆. ဘလော့ဂ်အကယ်ဒမီပေးပွဲနဲ့ပတ်သက်ပြီး မိမိစိတ်ထဲ ခံစားရသမျှ အလွတ်သဘော
ဆွေးနွေးပြောဆိုပေးပါ.

ကျေးဇူးတင်ပါသည်။

မြန်မာဘလော်ဂါ ပရက်စ်နှင့် မြန်မာသတင်းသမဂ္ဂ
info@mmblogpress.com
http://www.mmblogpress.com/

----------------------------

လက်ခံရရှိခဲ့သောမေးလ်အတိုင်း ပြန်လည်တင်ပြအပ်ပါတယ်ရှင်။

ဝါ၀ါခိုင်မင်း

0 comments: