Tuesday, March 2, 2010

၁.မတ်လ.၂၀၁၀ တနလာင်္ဆွမ်းပတ်အလှူ ...အလှူရှင်- မခင်ငြိမ်းချမ်းဦး -မလေးရှား

မင်္ဂလာပါရှင်။
မတ်လ ၁ရက် (တနလာင်္နေ့)ဆွမ်းပတ်အတွက် အလှူပို့စ်ကို အကြောင်းအမျိုးမျိုးကြောင့် တင်ရန်နောက်ကျသွားခဲ့ရပါတယ်ရှင်။

မနေ့က (၁ . မတ်လ . ၂၀၁၀)နေ့ အာရုံဆွမ်းအလှူရှင်ကတော့ မခင်ငြိမ်းချမ်းဦး (မလေးရှား) ဖြစ်ပြီး ၊ နေ့ဆွမ်းဟင်းများကိုတော့ ကျွန်မတို့ ဘလော့ဂ်ဂါမောင်နှမများနဲ့ စာဖတ်သူ အလှူရှင်များကနေပြီး ဆက်ကပ်ကြတာဖြစ်ပါတယ်ရှင်။

အာရုံဆွမ်းအလှူရှင်.

မခင်ငြိမ်းချမ်းဦး (မလေးရှား)

နေ့ဆွမ်းဟင်းအလှူရှင်.

မ၀ါဝါခိုင်မင်း ၊ ကိုရန်အောင် ၊ ရွာသားလေး(၀ိုင်တီယူ)၊July Dream တို့ ဦးဆောင်ကြသော နိုင်ငံအရပ်ရပ်မှ အလှူရှင်မောင်နှမများပဲ ဖြစ်ကြပါတယ်ရှင်။

ဆွမ်းဆန်အလှူရှင်.

ကိုဖြိုး ၊ ကိုထက် (ရွှေအိမ်စည် တယ်လီဖုန်းရောင်းဝယ်ရေး၊ မန္တလေး)

ဆီအလှူရှင်.

ဒေါ်ချို (ဒေါ်ချို ကုန်စုံဆိုင် ၊ ရွှေဘို)

ကျွန်မတို့ အလှူရှင်များအနေဖြင့် အခုလို အလှူတစ်ခုပြီးမြောက်အောင်မြင်စွာလှူဒါန်းနိုင်ကြစေရန်အတွက် စီစဉ်ဆောင်ရွက်ပေးသော ဦးဇင်းဦးကောဝိဒ နဲ့တကွ ၊ဝေယျာဝေစ္ဆအလှူရှင်များအားလုံးကို လေးစားစွာဖြင့် ကျေးဇူးတင်ရှိပါတယ်ရှင်။ကျွန်မတို့ ပြုပြုသမျှ ကောင်းမှုအစုစုကို လှူဒါန်းသူ အလှူရှင်များ အားလုံးနဲ့တကွ ဝေယျာဝေစ္ဆအလှူရှင်များအားလုံး ၀မ်းမြောက်ဝမ်းသာစွာဖြင့် သာဓုခေါ်ဆိုနိုင်ကြပါစေရှင်။

















0 comments: