သာသနာသက္ကရာဇ် ၂၅၃၃ ခု၊ မြန်မာ သက္ကရာဇ် ၁၃၇၁ ခုနှစ် တပို့တွဲ လပြည့်ကျော် ၁၀ ရက်၊ ၂၀၁၀ ခုနှစ် ဇေဖော်ဝါရီ ၈ ရက်။
အရုဏ်ဆွမ်း - မုန့်ဟင်းခါး
(ဖေဖေ ဦးကံသိမ်း(မိုးညှင်း)ကို ရည်စူးပြီး ဒေါ်ချိုချိုဝင်း ၊ သမီးကြီး - ဒေါက်တာဥာဏ်+ဒေါ်ဝါ၀ါခိုင်မင်း ၊ သားငယ်-အောင်ဇော်ဟိန်း မိသားစု ကောင်းမှူ)
နေ့ဆွမ်း
ဘဲဥချဉ်ဟင်း၊ ပဲနီပြား၊ ငရုတ်သီးငါးပိကြော်၊ အစိမ်းကြော်
(မဝါဝါခိုင်မင်း၊ ကိုရန်အောင်၊ JulyDream၊ ရွာသားလေးဝိုင်တီယူတို့၏ နေ့ဆွမ်းအလှူရှင် မောင်နှမများအဖွဲ့)
ဆွမ်းထမင်း+ပဲနှပ် ကိုဖြိုး+ကိုထက် (ရွှေအိမ်ဖြူတယ်လီဖုန်း ရောင်းဝယ်ရေး)
ဆီ-ေး။ါ်ချို (ဒေါ်ချို ကုန်မျိုးစုံ ရောင်းဝယ်ရေး၊ ရွှေဘိုမြို့)
ဝေယျာဝစ္စဒါန
-ဦးအာဒိစ္စ (ဖျာပုံကျောင်း)၊ ဦးဓမ္မာနန္ဒ (မင်္ဂလာသာစည်ကျောင်း)၊ ဦးသုဇာတ (ရုက္ခမူကျောင်း)၊
-ဆရာကြီး ဒေါ်ဝိလာသီ၊ ဒေါ်စန္ဒသိင်္ဂီ (သိဒ္ဓိမော်ချောင်)၊ ဒေါ်ဧသိကကျောင်းက ဆရာလေးများကိုဂစ်တာ၊ ဒေါ်ကြည်ဌေး၊ ငြိမ်းအိထွေး၊
ဆပ်ပြာ၊ ဗလာစာအုပ်၊ ခေါင်းရိတ်ဓား - (အလှူရှင် ..............)
''အရှင်ဘုရားတို့ မုန့်ဟင်းခါး ဘုဉ်းပေးဖို့ အထဲကို ကြွပါ''
မနက် ၅ နာရီခွဲမှာ မုန့်ဟင်းခါး စကပ်တယ်။ စကပ်ပြီး ၄၅ မိနစ်မှာတင် အပါး ၂၁၀ ခန့် ဘုဉ်းပေးပြီးသွားပြီး ဆက်လဲ ကပ်လှူနေရဆဲပါ။ နေ့ဆွမ်း မနက် ၆ နာရီ ၁၅ မှာ စကပ်တယ်။ ခရီးထွက်ရာက ပြန်ရောက်လာတဲ့ ကိုဂစ်တာလဲ ဝေယျာဝစ္စ လာဆောင်ရွက်တယ်။ ကိုဇော်ထွေးဦးက ပျဉ်းမနားမှာ လခအဆင်ပြေတဲ့ အလုပ်သစ် ရလို့ သွားရမှာဖြစ်ကြောင်း ဦးဇင်းကို မနေ့က လာကန်တော့လျှောက်ထားပါတယ်။ ဝေယျာဝစ္စ ဒါနရှင်များအတွက် ဒေါ်နန်းသန္တာအောင်က ငါးသောင်းကျပ် လှူဒါန်းပါတယ်။
မုန့်ဟင်းခါးက မုန့်ဖတ် အချိန် ၄၀ မှာထားတာ မလောက်လို့ နောက်ထပ် ၂ ပိဿာ ထပ်မှာရတယ်။ မနက် ၇ နာရီ ကျော်တဲ့အထိ ကိုယ်တော်တွေ ထပ်ကြွလာ ဘုဉ်းပေးနေကြဆဲမို့ပါ။
ဆပ်ပြာခဲ့နဲ့ ခေါင်းရိတ်ဓား ၅၀၀ စီမံထားတာ မလောက်လို့ နောက်ထပ် ၅၀ ထပ်မှာရပါတယ်။ ဗလာစာအုပ်ကတော့ မြရတနာမှာ လုပ်မယ့် မင်္ဂလာယဉ်ကျေးမှု သင်တန်းအတွက်ပါ ပိုမှာထားလို့ လောက်သွားတယ်။ ဇိနောဒယ စာသင်တိုက်က သံဃာ အပါး ၂၀၀ ခန့် ကြွပါတယ်။ မြစကြာက ဒီနေ့ ကျောင်းမှာ ဆွမ်းကပ်ရှိလို့ ဆွမ်းခံမကြွပါ။

0 comments:
Post a Comment