မနက်အစောဆွမ်းပေါင်းအိုးအနီး မီးလှုံနေကြသောကိုရင်များသာသနာသက္ကရာဇ် ၂၅၅၃ ခုနှစ် တပို့တွဲလပြည့်ကျော် ၃ ရက်၊ ၁-၂-၂၀၁၀ တနင်္လာနေ့
နေ့ဆွမ်း - ဝက်သား+အာလူးဆီပြန်၊ မုန်လာဥချဉ်၊ ငါးပိငရုတ်သီးကြော်
(မဝါဝါခိုင်မင်း၊ ကိုရန်အောင်၊ JulyDream၊ ရွာသားလေး ဝိုင်တီယူတို့၏ နေ့ဆွမ်းအလှူရှင် မောင်နှမများအဖွဲ့)
ဆွမ်းထမင်း + ပဲနှပ် - ကိုဖြိုး၊ ကိုထက် (ရွှေအိမ်ဖြူ တယ်လီဖုန်း ရောင်းဝယ်ရေး)
ဆီ - ဒေါ်ချို (ဒေါ်ချို ကုန်မျိုးစုံ ရောင်းဝယ်ရေး၊ ရွှေဘိုမြို့)
အရုဏ်ဆွမ်း - မုန့်ဟင်းခါး (အလှူရှင် ..............)
ဝေယျာဝစ္စဒါန
ဦးအာဒိစ္စ (ဖျာပုံကျောင်း)၊ ဦးဓမ္မာနန္ဒ (မင်္ဂလာသာစည်ကျောင်း)၊ ဦးသုဇာတ (ရုက္ခမူကျောင်း)၊ ကိုရင်ဃောသိတ (ဖျာပုံကျောင်း)
-ဆရာကြီး ဒေါ်စန္ဒသိင်္ဂီ (သိဒ္ဓိမော်ကျောင်း)၊ ဒေါ်စရဏမဉ္စရီ (သိပ္ပမဉ္စရီကျောင်း)၊ ဆရာကြီး ဒေါ်ဧသိကကျောင်းမှ ဆရာလေးနှစ်ပါး
-ကိုဇော်မျိုးနှင့် ဇနီး မဥမီ၊ ကိုဇင်မင်းဦး
မနက် ၅ နာရီ ၃၅ မှာ အရုဏ်ဆွမ်း စကပ်ပါတယ်။ ၆ နာရီထိုးတော့ အပါး ၉၀ လောက် ဘုဉ်းပေးပြီးသွားပါပြီ။ နောက် ၁၀ မိနစ်ကျော်တော့ အပါး ၁၈၀ လောက် ကပ်ပြီးပါတယ်။ ဒီနေ့ လူငယ်မောင်နှံနှစ်ယောက်လဲ ဝေယျာဝစ္စဒါန လာပြုတယ်။
''ဦးဇင်း...မုန့်ဖတ်
''မုန့်ဖတ်၊ လာပြီ ရပြီ''
''ဒီမှာ နှစ်ပါး ကြွလာတယ်။ ....မုန့်ဖတ်... ဟုတ်ပြီ၊ ရပြီ''
''ကိုရင်လေး .... ဝပြီလား''
အရှင်ဘုရား...ထည့်ဦးမလားဘုရား''
ကိုရင်တွေဆီက ''မုန့်ဖတ်'' ဆိုတဲ့ အမိန့်ရှိသံလေးတွေ ဟိုကဒီက ဆက်ခါဆက်ခါ ထွက်ထွက်လာနေပါတယ်။ မုန့်ဖတ်က အချိန် ၄၀ မှာထားတယ်။
မနက် ၆ နာရီ ၂၁မှာ နေ့ဆွမ်း စလောင်းပါတယ်။ အထဲမှာလဲ အရုဏ်ဆွမ်း ကပ်ဆဲပါ။





0 comments:
Post a Comment