Thursday, January 14, 2010

မြရတနာဆရာတော် ပျံလွန်

မြရတနာကျေးရွာမှ ကျောင်းတိုင်ဆရာတော်ဘုရား (၁၃-၁-၂၀၁၀) နေ့  နံနက် (၄)နာရီ (၁၀)မိနစ်တွင် ပျံလွန်တော်မူသွားပါကြောင်း ဓမ္မမိတ်ဆွေများအား အကြောင်းကြားအပ်ပါသည်။

မဥမ္မာဌေး အကြောင်းကြားလာတဲ့စာ ဖြစ်ပါတယ်။

ရဟန်းတော်ဘဝမှာ စွဲကပ်လာတဲ့ အနာကြီးရောဂါ ဝေဒနာကို နှစ်ရှည်ခံခဲ့ရတဲ့၊ ဝေဒနာ ပျောက်ကင်းချိန်မှာလဲ မျက်စိတစ်ဖက် အမြင်ဆုံးရှုံးခဲ့ရတဲ့ ဆရာတော်ဟာ ကင်ဆာရောဂါနဲ့ ဇန်နဝါရီ ၁၃ ရက်၊ ဗုဒ္ဓဟူးနေ့က ပျံလွန်တော်မူသွားပါပြီ။
'' မြရတနာကျေးရွာမှ ကျောင်းထိုင်ဆရာတော် ဦးဝိမလအား ယနေ့ (၁၅-၁-၂၀၁၀)သောကြာနေ့  နေ့ လည်(၂း၀၀)တိတိတွင် မီးသင်္ဂြီုဟ်ပါမည်''လို့ ဆွမ်းလောင်းအသင်း အလှူရှင်တစ်ဦးဖြစ်တဲ့ မဥမ္မာဌေးက ထပ်အကြောင်းကြားလာပါတယ်။

မြရတနာ ရွာဦးကျောင်းဆရာတော် ရက်လည်ကို နက်ဖြန် တပို့တွဲလပြည့်ကျော် ၄ ရက် တနင်္လာနေ့ (၁ ၈-၁-၁၀)မှာ ရွာမှာ ပြုလုပ်ပါမယ်။ ပင့်သံဃာ ၁၃ ပါးကို ဆွမ်းကပ်ဖို့ ဦးဇင်း ဦးကောဝိဒက ဒါနပြုပါတယ်။

7 comments:

KO GYI said...

k0gyi
edit delete reply
k0gyi wrote today at 10:26 AM
ဝမ်းနည်းကြေကွဲခြင်း

သူ့ရဲ့ရွာလေးကို ဖြစ်စေချင် တိုးတက်စေချင်တဲ့ "မြရတနာ" က ရွာဦးကျောင်း ဆရာတော်
ပျံလွန်တော်မူသွားပြီဆိုတာ ကြားသိရတဲ့အတွက် စိတ်မကောင်းခြင်းများစွာ ဖြစ်ရပါတယ်ဗျာ။
k0gyi
edit delete reply
k0gyi wrote today at 10:28 AM
ကျနော် ငို မိနေတယ်ဗျာ....
dhammaanalysis

reply
dhammaanalysis wrote today at 10:31 AM
ဟုတ်ကဲ့ ဆွမ်းလောင်းအသင်းမှာ ဖတ်ပြီးပါပြီ
တကယ်ပဲ စိတ်မကောင်း ဖြစ်ပါတယ်ဗျာ
ကိုယ်တိုင် မကျန်းမာပဲ ရပ်ရွာအကျိုးအတွက် စာသင်ကျောင်းတွေ
ဖြစ်မြောက်အောင် ပြုလုပ်ပြီး သာသနာပြုသွားတဲ့ ဆရာတော်
နောင်ဖြစ်လေရာ ဘ၀ဆက်တိုင်း ယခု ဘ၀မှာ ခံစားရတဲ့ ရောဂါဝေဒနာ မျိုးတွေ
ဘယ်သောအခါမှ မခံစားရပါစေနဲ့လို့ အကြိမ်ကြိမ် ဆုတောင်းမိပါတယ်ဗျာ
ဆရာတော်လို သာသနာပြု ပုဂ္ဂိုလ်တွေ မြရတနာ ရွာလေးမှာ ပေါ်ထွက်ပါစေလို့လည်း
လှိုက်လှိုက်လဲလဲကို ဆုတောင်းပါတယ်
dhammaanalysis

reply
dhammaanalysis wrote today at 10:34 AM
k0gyi said
ကျနော် ငို မိနေတယ်ဗျာ....
ဦးဇင်းလဲ လွန်စာ စိတ်မကောင်းဖြစ်မိပါတယ်
ဆရာတော် ကောင်းမွန်တဲ့ ဘ၀ကို ရောက်မှာပါ ကိုရီး ရယ်
သူဖြစ်စေချင်တဲ့ မြရတနာ ရွာလေး
တိုးတက်စေချင်တဲ့ မြရတနာ ရွာလေး ဆက်လက်ပြီး တိုးတက်ပါစေ
ဆရာတော်ရဲ့ ဆန္ဒ ပြည့်ဝပါစေလို့ပဲ ဆုတောင်းပေးရမှာပေါ့
k0gyi
edit delete reply
k0gyi wrote today at 10:37 AM
dhammaanalysis said

တပည့်တော် မျက်ဝန်းတွေထဲမှာ မြင်ယောင်နေဆဲပါ ဘုရား
နင့်နင့် နဲနဲကို ခံစားရပါတယ်။

ဦးလောကနာထ said...

.
အရှင်ဘုရားမှာ ကံကောင်းလွန်းလို့ လူ့ဘ၀ ရဟန်းဘ၀ ရပြီးနောက်...

ဝဋ်ကြွေးတွေ ပါလာပြန်တော့ ရောဂါဝေဒနာဆိုးတွေ ခံစားရ...

အော် ဘ၀ ဘ၀...

တစ်ခဏအတွင်းမှာ ဘ၀ဇာတ်ဆရာ အလိုကျ...

ဆင်းရဲပင်ပန်းစွာနဲ့ ကပြသွားရပြန်တယ်...

အရှင်ဘုရားရဲ့ အသုဘကို မရှုရသေးပေမဲ့...

သံဝေဂတော့ ယူသွားပါတယ်ဘုရား...

ဘ၀သံသရာလေးများ ရှိသေးရင်တော့...

အထက်တန်းဘ၀က မျက်နှာပန်းလှလှနဲ့ ကျင်လည်နိုင်ပါစေဘုရား...

ကင်ဆာရောဂါသည်များအတွက် နေရက်က ပိုပြီး နည်းသလိုပါပဲလေ...

ဆရာတော်၏ အသုဘကို အရင်းတည်လို့ သံဝေဂ ယူနိုင်ကြပါစေ...

ခန္ဓာရှိက အိုရမှာ...

နာခြင်းကလည်း မကင်းပါ...

လာဦးမှာက သေခြင်းသာ...

နေရမည်က မသေချာ...

သေရမည်က အသေချာ...

နေကြရ တစ်ခဏမှာ...

ပြုလိုက်ကြ သာသနာ ...

အများအတွက်ပါ...

တို့များအတွက်သာ...

ဦးလောကနာထ
၁.၁၄.၂၀၁၀

shankha said...

မြရတနာ ဆရာတော်ပျံလွန်ကြောင်းဖတ်ရ၍ စိတ်မကောင်း ဝမ်းနည်းရပါတယ် ဘုရာ ၊ သူဖြစ်ချင်တဲ့ ဆန္ဒတွေအားလုံးကို သူမလုပ်သွားနိုင်ဘူး ။ ပြီးတော့ မကြာသေးခင် က လှူဒါန်သွားတဲ့ အရှင်ဘုရားတို့
အဖွဲ့ရဲ့ အလှူတော်ကိုတောင် ပီတိနဲ့ တစ်ဝကြီး မခံစားလိုက်ရဘူးထင်ပါရဲ့ ။ ဆရာတော် မရှိတော့ပေမဲ့ မြရတနာ ရွာလေးကို ဆရာတော်ကိုယ်စား ဆရာတော် လိုပဲ နောက်ထပ် ရွက်ဆောင်မယ် ပုဂ္ဂိုလ် ဆက်လက်ပေါ်ထွန်ပါစေလို့ ဆုတောင်းလိုက်ပါတယ် ဘုရာ..
အင်းတော်ကြီးသား

Anonymous said...

ဘုန်းဘုန်း ဦးလောကနာထ၊ ကိုကြီးနဲ့ အင်းတော်ကြီးသား ရေးတာတွေ ကောင်းလွန်းလို့ ထပ်ဖြည့်ပြောစရာ မရှိတော့ဘူး။ မြရတနာဘုန်းဘုန်း ဒီဝဋ်တွေ ကျွတ်ပြီး အထက်တန်းဘဝက မျက်နှာပန်းလှလှ ကျင်လည်နိုင်ပါစေ။