အရုဏ်ဆွမ်း - မုန့်ဟင်းခါး
အလှူရှင် .............
နေ့ဆွမ်း
ဝက်သားဆီပြန်၊ မုန်လာဥချဉ်၊ ငရုတ်သီးကြော်
-မဝါဝါခိုင်မင်း၊ ကိုရန်အောင်၊ JulyDream၊ ရွာသားလေးဝိုင်တီယူတို့၏ တစ်နှစ်တာ နေ့ဆွမ်းအလှူရှင် မောင်နှမများအဖွဲ့
-ခင်ပွန်း ဦးအောင်ဖေအား ရည်စူး၍ ဒေါ်နန်းသန္တာအောင်
-ကိုကြီး (ကိုရီး)
ဆွမ်းထမင်း+ပဲနှပ်
ကိုဖြိုး+ကိုထက် (ရွှေအိမ်ဖြူ တယ်လီဖုန်း ရောင်းဝယ်ရေး၊ မန္တလေးမြို့)
အစိမ်းကြော်
အလှူရှင် ...............
ဆီ - ဒေါ်ချို (ဒေါ်ချို ကုန်မျိုးစုံ ရောင်းဝယ်ရေး၊ ရွှေဘိုမြို့)
ဆပ်ပြာမှုန့်+ဗလာစာအုပ်
ခင်ပွန်း ဦးအောင်ဖေအား ရည်စူး၍ ဒေါ်နန်းသန္တာအောင်
ဆပ်ပြာခဲ+ခေါင်းရိတ်ဓား
အလှူရှင် ................
ဝေယျာဝစ္စဒါန
-ဦးဝရသာမိ (သရက်တောကျောင်းတိုက်၊ ရန်ကုန်) ဦးသုဇာတ (သာသနာ့ဝေပုလ္လကျောင်း)၊ ဦးပညာဝံသ (မြင်းဝန်မင်းကြီးကျောင်းတိုက်၊ မန္တလေး)၊ ဦးပညာသာမိ (မင်္ဂလာသိင်္ဂီကျောင်း)
-ဆရာကြီး ဒေါ်ဝိလာသီ၊ ဆရာကြီး ဒေါ်ဝါယမီ၊ ဆရာကြီး ဒေါ်စံ၊ ဆရာကြီး ဒေါ်နန္ဒာသီရိ၊ ဒေါ်စရဏမဉ္စရီ၊
-ကိုဇော်၊ ကိုဂစ်တာ၊ ဒေါ်ကြည်ဌေး၊ ငြိမ်းအိထွေး
-ဒေါ်နန်းသန္တာအောင်နှင့် မိတ်ဆွေနှစ်ဦး
-ကိုကြီးနှင့် မိတ်ဆွေလေးဦး
ဇိနောဒယ စာသင်တိုက်က သံဃာကုန် (အပါး ၂၆၀ ခန့်) ကြွလာတဲ့ ဆွမ်းတန်း မနက် ၅ နာရီ ၁၅ မိနစ်မှာ ကျောင်းရှေ့ ရောက်လာတော့ နေ့ဆွမ်း စလောင်းတယ်။ ခါတိုင်းရက်ဆို ဆွမ်းတန်းတွေ လမ်းကြောင်းခွဲကြွတတ်တဲ့ ဇိနောဒယ စာသင်တိုက်က တနင်္လာ ဆွမ်းပတ်ဆိုရင် ဒီလမ်းကပဲ သံဃာကုန် တစ်ပေါင်းတည်း ဆွမ်းခံကြွပါတယ်။ မြစကြ်ာကလဲ သံဃာကုန် အပါး ၂၂၀ ကြွလာတယ်။
ဒီနေ့ နေ့ဆွမ်းလောင်းတာ အရုဏ်ထက် ပိုစောတယ်။ အရုဏ်ဆွမ်းကိုတော့ ၅ ၃၀ မိနစ်မှာ စကပ်ပါတယ်။ ရန်ကုန် သီတဂူမှာ စာမေးပွဲ ဖြေခါနီး စစ်ကိုင်းကို ကြွလာတဲ့ သရက်တောကျောင်းတိုက်က အရှင်ဝရသာမိ (http://www.sbay-student.org/) လဲ ညကတည်းက ကျောင်းမှာ ကျိန်းပြီး သံဃာ့ဒါနမှာ ဝင်စီမံပေးပါတယ်။ စင်ကာပူက ရောက်နေတဲ့ အလှူရှင် ဒေါ်နန်းသန္တာအောင်နဲ့ ကိုကြီးတို့ကိုယ်တိုင် ညကတည်းက ဝေယျာဝစ္စ ဝိုင်းဆောင်ရွက်ကြတယ်။
အရုဏ်ဆွမ်းအတွက် မုန့်ဖတ် အချိန် ၃၀ မှာထားတာ ဆွမ်းကပ်ရင်း မလောက်မယ့်ပုံ ပေါ်လို့ ဒေါ်နန်းသန္တာအောင်က မုန့်ဖိုကို ကားကိုယ်တိုင်မောင်းပြီး မုန့်ဖတ် အချိန် ၁၀ အမြန်သွားယူတယ်။ တစ်နှစ်တာ နေ့ဆွမ်းအလှူရှင်တွေရဲ့ ဆွမ်းဟင်းဒါနက သံဃာအပါးရေ ပိုများလာတဲ့အခါ လောင်းစ,ကလို မလောက်တော့လို့ ဒကာမကြီးက နေ့ဆွမ်းဟင်း လောက်ငအောင် အပတ်စဉ် ဖြည့်ဆည်း လှူဒါန်းပေးပါတယ်။ မြန်မာပြည် ပြန်ရောက်ခိုက် ဒုလ္လဘသီလရှင်ဝတ်၊ ဆရာလေး ဒေါ်သန္တစာရီ အဖြစ်နဲ့ ရိပ်သာဝင် ၁၀ ရက် တရားအားထုတ်ပြီး ပြန်ထွက်လာစ စစ်ကိုင်းကို ဆွမ်းလောင်းအတွက် ရောက်လာတာပါ။
ဦးသုဇာတ၊ ဦးပညာဝံသ၊ ဦးပညာသာမိ၊ ဦးဝရသာမိတို့ ဦးဇင်းတစ်သိုက်က နေ့ဆွမ်းလောင်းချိန်မှာ ဆွမ်းတန်း အဆင်ပြေအောင် ကြီးကြပ်ကြတယ်။ မထေရ်ကြီး မထေရ်ငယ်တွေ၊ ဆယ်ကျော်သက် သာမဏေကိုယ်တော်တွေက ဣနြေ္ဒအပြည့်နဲ့ ဆွမ်းရပ်ကြပေမယ့် လူမမယ် ကိုရင် အငယ်ဆုံးလေးတွေကျတော့ ကလေးဆိုတော့ ဦးဇင်းငယ်တွေက တန်းထိန်းပေးရပါတယ်။ ဆွမ်းလောင်းပြီးတော့ ဦးဇင်း ဦးဝရသာမိက ''ကိုရင်ပေါက်စတွေ တော်တော်ထိန်းလိုက်ရတယ်။ တန်းစီပေးရတာ အမော''လို့ ကျေကျေနပ်နပ် မိန့်ပါတယ်။
ဆွမ်းတောင်းကြီး လေးတောင်းကို တစ်တောင်းကုန် တစ်တောင်း ဝင်သယ်ပေးပြီး ဇလုံနဲ့ ခပ်လောင်းရင်း အလှူရှင် ကိုကြီး ခါးတစ်ခြမ်း စောင်းသွားတယ်။ ခါးစောင်းရက်နဲ့ပဲ ဆက်လောင်းတယ်။ ဆွမ်းထမင်း ပူပူတွေ သံဃာတန်း အလျဉ်မီအောင် အမြန်ခပ်လောင်းရင်း လက်အပူလောင်ပြန်ရော။ ကိုကြီးက ''ကျွန်တော့်ဘဝ တစ်သက်တစ်ကိုယ်မှာ ဒီလောက် များတဲ့ ကိုယ်တော်တွေ ဆွမ်းလောင်းဖူးတာ ဒါ ပထမဆုံးပဲ''လို့ ကြည်ကြည်နူးနူး ပြောပါတယ်။
လိုက်ပွဲ အလိုရှိတဲ့ ကိုရင်လေးတွေက ဟင်းရည်ချိုင့်ဆွဲပြီး ဝတ်ဖြည့်ပေးနေတဲ့ ကိုကြီးကို ''ဒကာကြီး''၊ ''ဒကာကြီး''နဲ့ ခေါ်ရင်း မျက်နှာပွင့်နေလို့ ''ကိုရင်တို့ တပည့်တော်ကို တစ်ခါခေါ်ရင် တစ်ကျပ် ပေးရမယ်နော်''လို့ ကိုကြီးက ကိုရင်တွေကို ကျီစယ်တယ်။ နေ့ဆွမ်းဟင်းအတွက် ဝက်သား ၁၅ ပိဿာ ကိုကြီးက ထပ်ဖြည့်လှူဒါန်းလို့ ဒီနေ့ ဝက်သားဆီပြန် (ပလိန်း) ကပ်ပါတယ်။
သံဃာတွေကို တစ်ပါး ဆပ်ပြာမှုန့်တစ်ထုပ်၊ ဗလာစာအုပ်တစ်အုပ် ဒေါ်နန်းသန္တာအောင်က ဆက်ကပ်တယ်။ ဆပ်ပြာ တစ်ခဲ၊ ခေါင်းရိတ်ဓား တစ်ချောင်းစီ အခြားအလှူရှင်တစ်ဦးက လောင်းလှူတယ်။ မုန့်ဖတ် အချိန် ၃၀ မလောက်လို့ နောက်ထပ် အချိန် ၁၀ ထပ်ယူတာလဲ မလောက်တာကြောင့် ၁၅ ပိဿာ ထပ်မှာရတယ်။ ဒီနေ့ ၅၅ ပိဿာ ကပ်ရတယ်။ တစ်ချို့ကိုရင်ငယ်လေးတွေက တစ်ပါး လေးပန်းကန်လောက် ဘုဉ်းကြတယ်။
သံဃာတွေကို ဆွမ်းလောင်းပြီးတော့ ပင့်ဖိတ်ထားတဲ့ သီလရှင် ဆရာလေး အပါး ၅၀ ကို အရုဏ်ဆွမ်း ကပ်တယ်။ ဆပ်ပြာခဲ၊ ဆပ်ပြာမှုန့်၊ ခေါင်းရိတ်ဓား၊ ဗလာစာအုပ်များလဲ ကပ်လှူပါတယ်။ သီလရှင် ဆရာလေးများကို ဒေါ်နန်းသန္တာအောင်က ဆပ်ပြာမှုန့် တစ်ပါး ၅ ထုပ် လောင်းလှူပါတယ်။
ဆက်ဖတ်ရန်...
ပြန်ခေါက်သိမ်းထားရန်...

ရေစက်ချလှူဒါန်းနေသော ရေတွင်းအလှူရှင် ကိုကြီး (ဝဲ)နှင့် စတုဒီသာ အလှူရှင် ကိုဖြိုး+ကိုထက်
မြရတနာသို့မော်တော်ယာဉ် (၆)စီးဖြင့် ဆရာတော်ကြီးများနှင့်အလှူရှင်များရောက်ခဲ့ကြပါတယ်
ရေစက်ချပွဲအစီအစဉ်များ နေ့လယ် ၁၂ နာရိမှာပြီးဆုံးခဲ့ပါတယ်
ယနေ့ ကိုကြီးတို့မန္တလေးကိုမနက် အစော (၄)နာရီမှာရောက်ကြပါတယ်။ မန္တလေးမှ ကိုညီညီရဲ့ အစ်ကိုတိုက်ခန်းတစ်ခုမှာအနားယူကြပြီး နံနက် ၈ နာရီ ခွဲတော့ ကိုထက်မှ ကားဖြင့် ဦးပညာဝံသနှင့်အတူ ကိုကြီးတို့ကို သွားကြိုခဲ့ပါတယ်။ ကိုထက်နဲ့ ကိုဖြိုးတို့က ကိုကြီးရဲ့ အလှုပွဲမှာ ရွာလုံးကျွတ် စတုဒီသာ အလှူပေးကြမှာ ဖြစ်ပါတယ်။
စစ်ကိုင်းကို နံနက် (၉)နာရီကျော် မှာတော့ ကျောင်းသို့ ကားဖြင့် ဝင်လာကြပါ
ကိုကြီးတို့ကို ကျောင်းမှာချထားခဲ့ပြီင်္း ကိုထက်နှင့်ကိုဖြိုးတို့မှ မြရတနာ ရွာဦးကျောင်းအတွက် ဆွမ်းချိုင့်ပို့ကြပါတယ်။ အဲဒီနောက်မှာတော့ ဆရာတော်ကြီးများကို ကိုကြီးနှင့်အတူ ဒါယကာကိုထက်နှင့်ကိုဖြိုးတို့မှနေ့ဆွမ်းကပ်လှူကြပါတယ်။
နေ့ဆွမ်း ကပ်လှူပြီး ၁၁ နာရီမှာ ကား(၆) စီးဖြင့်ဆရာတော်ကြီးများကို မြရတနာသို့ ပင့်ဆောင်ကြပြီး ရေစက်ချအခမ်းအနား အစီအစဉ်ကိုစတင်ပါတယ်။ ရေစက်ချအခမ်းအနားပြီးတဲ့အချိန်မှာတော့ ကိုကြီးမှရွှေမိုးငွေမိုးရွာသွန်းကြပြီး ရေစက်စမောင်းပြီး ရေစပေးဝေပါတယ်။
ကြွတော်မူကြသော ဆရာတော်များသြ၀ါဒဆရာတော်များ
၁။ ရတနာဓူဝံကျောင်းဆရာတော်
၂။ ၀ိပဿနာကျောင်းဆရာတော်
၃။ မြစင်္ကြာကျောင်းတိုက်ဆရာတော်
၎။ ဇိနောဒယကျောင်းတိုက် ဆရာတော်
၅။ အောင်မြေသာစည်ဆရာတော်များနှင့်
သံဃာ ၈ ပါးကြွတော်မူကြပါတယ်။
တရားပွဲမှာကိုထက်နှင့်ကိုဖြိုးတို့မှ တရားနာလာကြသောပရိတ်သတ်များအား ဘုရားဆင်းတုတော် မဲဖေါက်ပေးမှာဖြစ်ပါတယ်။
ဦးကောဝိဒ
ဆက်ဖတ်ရန်...
ပြန်ခေါက်သိမ်းထားရန်...
၁၂.၁၂.၂၀၀၉ ခုနှစ်၊ မြန်မာသက္ကရာဇ် ၁၃၇၁ ခုနှစ် နတ်တော် လပြည့်ကျော် ၁၁ ရက်နေ့ ...
နံနက် ၁၀ နာရီ အချိန် သာသနာ့ဝေပုလ္လကျောင်းတိုက်တွင် သြ၀ါဒဆရာတော်ကြီးများအား နေ့ဆွမ်းကပ်လှူပါမည်။နံနက် ၁၁ နာရီတွင် မြရတနာသို့ ကားများဖြင့် ဆရာတော်ကြီးများအားပင့်ဆောင်ပြီး ထိုရွာတွင် ရေစက်ချ အခမ်းအနားဆောင်ရွက်ပါမည်။
ညနေ ၆း၃၀ နာရီအချိန်တွင် သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်မှ အရှင်ဉာဏ၀ရ ၏ တရားပွဲအစီအစဉ် ဖြစ်ပါသည်။
၁၃.၁၂.၂၀၀၉ ခုနှစ်၊ မြန်မာသက္ကရာဇ် ၁၃၇၁ ခုနှစ် နတ်တော် လပြည့်ကျော် ၁၂ ရက်နေ့ ...
နံနက်(၈)နာရီတွင် စာရေးဆရာများ၏ စာပေဟောပြောပွဲအစီအစဉ်ကိုကျင်းပပြီး
ညနေ(၄)နာရီအချိန်တွင် ရွာလုံးကျွတ် စတုဒီသာကျွေးမွေးပွဲ အစီအစဉ်ဖြင့် ဒါနကုသိုလ်များ ပြုလုပ်ကြမည် ဖြစ်ပါသည်။
၁၄.၁၂.၂၀၀၉ ခုနှစ်၊ မြန်မာသက္ကရာဇ် ၁၃၇၁ ခုနှစ် နတ်တော် လပြည့်ကျော် ၁၃ ရက်နေ့ ...
စစ်ကိုင်းဆွမ်းလောင်းအသင်း၏ ဆွမ်းလောင်းပွဲအစီအစဉ်တွင် အလှူရှင်တစ်ဦးမှ သံဃာအပါးစေ့ ဆပ်ပြာခဲနှင့်ဘလိပ်ဓား လောင်းလှူမည်ဖြစ်ပြီး မေတ္တာရှင်ရွှေပြည်သာ ဆရာတော် ဦးဇ၀န မှ မေတ္တာရှင်ဖောင်ဒေးရှင်းအတွက် နံနက် ရန်ကုန်မြို့မှ လေယဉ်ဖြင့်ပြန်လည် ကြွရောက်လာပြီး သြ၀ါဒကထာအား ချီးမြင့်မည်ဖြစ်ပါကြောင်း ဓမ္မမိတ်ဆွေ သူတော်စင် အပေါင်းတို့ကို ကုသိုလ်ရရှိစေရန် အကျိုးငှာ သတင်းကောင်း ပေးအပ်ပါသည်။
ဆက်ဖတ်ရန်...
ပြန်ခေါက်သိမ်းထားရန်...
၁၂.၁၂.၂၀၀၉ ရက်နေ့တွင် အလှူရှင် ကိုကြီး (ကိုရီး)က မြရတနာ ကျေးရွာ ရဟန်းရှင်လူများအတွက် အဝီစိတွင်းကို ရေစက်ချ လှူဒါန်းပါမည်။
ကိုကြီးရဲ့ ရေတွင်းရေစက်ချပွဲသို့ လိုက်ပါလိုသူများ-
ရန်ကုန်မှ ၁၁.၁၂.၂၀၀၉ ရက်နေ့ညနေပိုင်းတွင် ထွက်ပါမည်။ လိုက်ပါလိုသူများ ၀၉-၅၁၉၅၄၂၀ သို့ဆက်သွယ်ကြပါရန်
စစ်ကိုင်းမှမြရတနာသို့ကားများ ၁၂.၁၂.၂၀၀၉ ရက်နေ့ နေ့လည် ၁၁ နာရီထွက်ပါမည်
လိုက်ပါလိုသူများ အထက်ပါဖုန်းနံပါတ် (၀၉-၅၁၉၅၄၂၀)သို့ဆက်သွယ်ကြပါရန်။
ဆက်ဖတ်ရန်...
ပြန်ခေါက်သိမ်းထားရန်...

အရုဏ်ဆွမ်း - ကြက်သားယာဂု
အလှူရှင် ..............
နေ့ဆွမ်း
ပဲနှပ်၊ အကြော်စုံ၊ ငှက်ပျောသီး၊ ဆွမ်းထမင်း
အလှူရှင် .............
ဝေယျာဝစ္စဒါန
-ဦးစန္ဒိမာ (သုံးခွကျောင်းတိုက်)၊ ဦးဣန္ဒာစာရ (ဖျာပုံကျောင်းတိုက်)၊ ဦးအာဒိစ္စ (ဖျာပုံကျောင်းတိုက်)
-ဆရာကြီး ဒေါ်ဝိလာသီကျောင်းမှ သီလရှင် ၃ ပါး၊ သိပ္ပမဉ္စရီချောင်မှ ၃ ပါး
-မပွေးနှင့် ငြိမ်းအိထွေး ညီအစ်မ


ကြားရက်မှာ အလှူရှင် ဆန္ဒအရ အလျင်စလို စီမံပေးရတဲ့ ဆွမ်းလောင်းဆိုတော့ ဝေယျာဝစ္စတွေ ခေါ်နေတော့ဘဲ တခြားကျောင်းတွေက ဦးဇင်းတွေကပဲ အဆင်ပြေအောင် လာဆောင်ရွက်ပေးရတယ်။ ဦးအာဒိစ္စနဲ့ ဦးဣန္ဒာစာရက ကျောင်းမှာ ညလာအိပ်ပြီး ဦးဇင်း ဦးကောဝိဒနဲ့အတူ ဆွမ်းပေါင်းပေးကြတယ်။ သုံးခွကျောင်းက ဦးစန္ဒိမာက ဆွမ်းကပ်ဝိုင်းဆောင်ရွက်ဖို့ နံနက်စောစော ကြွလာတယ်။ ဆွမ်း ပြည် ၂၀ ဆိုတော့ ၁၀ ပြည်ဝင်အိုးနဲ့ ၂ ခါ ပေါင်းရတယ်။ အရုဏ်ဆွမ်း ကပ်ဖို့ ကြက်သားယာဂု စီမံတယ်။ နေ့ဆွမ်းအတွက် ပဲနှပ်တယ်။ ကျန်တဲ့ ဆွမ်းဟင်းကိုတော့ ဦးဇင်းတွေလဲ ဘယ်ချက်တတ်မလဲ။ ဒီတော့ အကြော်စုံနဲ့ ငှက်ပျောသီး မှာပြီး ဆွမ်းထမင်းနဲ့ ပဲနှပ်နဲ့အတူ လောင်းလှူရပါတယ်။
ကြက်သားယာဂု (ကြက်သားဆန်ပြုတ်)ကို အပါး ၂၀၀ ကျော် ဘုဉ်းပေးကြတယ်။ ကြားရက်ဆိုတော့ ဒီနေ့ ဆွမ်းလောင်းရှိမှန်း တစ်ချို့သံဃာတွေ မသိလိုက်ဘူး။ ဒီကြားထဲက ကျောင်းအလိုက်ရော၊ တစ်ပါးချင်းရော ဆွမ်းလာရပ်တဲ့ သံဃာတွေ များများလာတာ မနက် ၇ နာရီလောက်မှာ အကြော်စုံ အခု ၅၀၀ မှာထားတာ ကုန်သွားတယ်။ တစ်ပါးကို အကြော်တစ်ခု၊ ငှက်ပျောသီးတစ်လုံး၊ ပဲနှပ် (ပဲနှပ်က နှစ်ပြည်ဆိုတော့ ရှေ့အပါး ၁၀၀ လောက်ပဲ ကပ်လိုက်ရပါတယ်)နဲ့ ဆွမ်းထမင်း ကပ်တာပါ။ ဘယာကြော်၊ ပဲကြော်၊ ကုလားဘယာကြော်၊ ပဲစက္ခုကြော်တွေ ကပ်ပါတယ်။
ဆွမ်းထမင်းက ပြည် ၂၀ ပေါင်းပေမယ့် နောက်ဆုံး ကြွလာတဲ့ သံဃာတစ်ချို့ကိုတော့ ဆွမ်းထမင်းပါ ပြတ်သွားလို့ ငှက်ပျောသီးပဲ လောင်းရတယ်။ အကြော် အခု ၅၀၀ ကတော့ သံဃာ အပါး ၅၀၀ လောင်းပြီးတော့ ကုန်သွားပြီ။ ငှက်ပျောသီးက အလုံး ၆၀၀ မှာထားတော့ လောက်ငတယ်။ ကျန်ငှက်ပျောသီးများကို ဝေယျာဝစ္စ လာဆောင်ရွက်ပေးကြတဲ့ သီလရှင် ဆရာကြီးဆရာလေးများကို လောင်းလှူပါတယ်။
ဆက်ဖတ်ရန်...
ပြန်ခေါက်သိမ်းထားရန်...

ဆောက်လုပ်ပြီးသွားစ အောင်မြေဦးက ကျောင်းကလေးမှာ သာမဏေ ၁၃ ပါး သီတင်းသုံးနေပါတယ်။ သာမဏေများ ဘုရားဝတ်တက်ဖို့ ဘုရားဆင်းတုတော်နဲ့ ကျောင်းဆောင်လဲ ပြီးစီးသွားပါပြီ။
ဖေဖေ ကိုဒီပါ၊ မေမေ ခိုင် တို့ကို အမှူးထားပြီး လှူဒါန်းတဲ့ သမီးလေး ရတနာသန့် မိသားစုရဲ့ ကောင်းမှု ဖြစ်ပါတယ်။ ဆင်းတုတော်က ဥာဏ်တော် တစ်ပေ ကျော်ပါတယ်။ မန္တလေး မဟာမုနိ ဘုရားကြီး ပုံတော်မျိုး ထုလုပ်ပြီး ရွှေချထားပါတယ်။

ဆက်ဖတ်ရန်...
ပြန်ခေါက်သိမ်းထားရန်...
make in Myanmar ဘလော့မှ စွပ်စွဲပြောဆိုမှုများကြောင့် နစ်နာသူ ဒကာကြီး ဇနီးမောင်နှံနှင့် သမီးဖြစ်သူ မိသားစုသည် သာသနာ့ဝေပုလ္လကျောင်းသို့ လာရောက်၍ မိမိတို့ သိက္ခာကျဆင်းစေသော မမှန်စွပ်စွဲမှုကို ဖြေရှင်းဖော်ထုတ်ပေးရန် တောင်းဆိုခဲ့ပါသည်။ စွပ်စွဲသူကို တရားစွဲဆိုနိုင်ရန် အမည်ဖော်ထုတ်ပေးရန်လည်း တောင်းဆိုပါသည်။ သို့သော် စွပ်စွဲသူမှ မိမိမဟုတ်ကြောင်း အကြိမ်ကြိမ် ငြင်းဆန်နေသည့်အပြင် သာသနာ့ဝေပုလ္လကျောင်းသို့လည်း တောင်းဆိုထားသည့် သတ်မှတ်ရက်ကျော်လွန်သည်အထိ လာရောက် ဖြေရှင်းခြင်း မရှိပါ။
ဒကာဒကာမ မိသားစုအနေဖြင့် ဂုဏ်သိက္ခာ ထိခိုက်နစ်နာရသည်ကို စိတ်မကောင်းဖြစ်ရကြောင်း ပြောကြားလိုပါသည်။ သို့သော် ရဟန်းတော် တစ်ပါးအနေဖြင့်လည်း မမှန်စွပ်စွဲခံရမှုကြောင့် အလားတူ ဂုဏ်သိက္ခာ ထိခိုက်ရခြင်း ဖြစ်ပါသည်။
၁။
သာသနာ့ဝေပုလ္လကျောင်းတွင် အပတ်စဉ် ဆွမ်းလောင်းကိစ္စ ဆောင်ရွက်ရန် အနီးဝန်းကျင်မှ သံဃာတော်များ၊ လူဒကာများ ပုံမှန် လာရောက်ဝင်ထွက်နေသောကြောင့် ဆိတ်ကွယ်ရာအရပ် မဟုတ်ပါ။ ဆွမ်းလောင်း ဝေယျာဝစ္စ လုပ်အားပေးသူများ၊ ကွန်ပျူတာ သင်တန်းသားများ ရှိနေပြီး ညအိပ်ညနေ ကျိန်းစက်သည့် အမြဲနေသံဃာများ၊ အနီးဝန်းကျင်မှ အာဂန္တု သံဃာများလည်း ရှိနေပါသည်။ အားလုံးကို အချိန်မရွေး ဆက်သွယ် မေးမြန်းနိုင်ပါသည်။
၂။
မမှန်စွပ်စွဲချက်ကို ဆွမ်းလောင်း ဝေယျာဝစ္စ ဆောင်ရွက်ရန် လာသော သုံးခွကျောင်းမှ သံဃာများ မြင်သည်၊ သုံးခွ သံဃာများကို နောက်မလာရန် ပြောခဲ့သည်ဟု လိမ်ညာသက်သေထူထားပါသည်။ ထိုစွပ်စွဲချက်အတွက် သုံးခွကျောင်းမှ ဦးပညောသည် မကျေနပ်သူ ဒကာကြီး မိသားစုနှင့် သာသနာ့ဝေပုလ္လ ကျောင်းတိုက်တွင် တွေ့ဆုံဖြေရှင်းခဲ့ပါသည်။ လုံးဝ မဟုတ်မှန်ကြောင်း၊ ဆရာတော်ကြီးများရှေ့တွင် အချိန်မရွေး မေးမြန်းနိုင်ကြောင်း ဖြေရှင်းခဲ့ပါသည်။ သုံးခွကျောင်းတိုက်မှ ဆွမ်းလောင်းကိစ္စအတွက် လာရောက် ဝေယျာဝစ္စဒါန ပြုလုပ်ပေးနေသော သံဃာများသည် ပုံမှန် လာရောက် ဆောင်ရွက်နေဆဲ ဖြစ်ပါသည်။ ဖျာပုံကျောင်းမှ ဦးအာဒိစ္စကလည်း မမှန်မကန် စွပ်စွဲချက်ဖြစ်ကြောင်း ဖြေကြားရှင်းလင်းပေးခဲ့ပါသည်။
၃။
ဆွမ်းလောင်းအသင်းအနေဖြင့် အလှူရှင် ဒကာဒကာမများ၏ အလှူဝတ္ထုကို အလှူရှင် ရည်စူးရာ နေရာသို့ ချက်ချင်း အကောင်အထည်ဖော် စီမံပေးပါသည်။ ရေတွင်းအလှူရှင်၏ ရေတွင်း၊ ရေကန် အလှူရှင်၏ ရေကန်၊ ကျောင်းအလှူရှင်၏ ကျောင်း၊ မီးစက်အလှူရှင်များ၏ မီးစက်များ အလိုရှိရာ နေရာတွင် ချက်ချင်း အကောင်အထည်ပေါ်ခဲ့ပြီး ဖြစ်ပါသည်။ ဆွမ်းအလှူရှင်များ၏ အလှူကိုလည်း အလှူရှင် အလိုရှိသည့်ရက် သို့မဟုတ် အနီးစပ်ဆုံး ဆွမ်းလောင်းရက်တွင် ချက်ချင်း အလှူပြုလုပ်စီမံပေးပါသည်။ အလှူရှင်များအနေဖြင့်လည်း အလှူရက်တွင် တိုက်ရိုက်ဆက်သွယ်၍ အနုမောဒနာ ပြုနိုင်သလို မှတ်တမ်းဓာတ်ပုံများလည်း ချက်ချင်း ပို့ဆောင်ပေးပါသည်။ ယခုထိ အပတ်စဉ် မပျက်မကွက် ဆောင်ရွက်ပေးလာသည်မှာ လေးလကျော်ပြီ ဖြစ်ပါသည်။ အလှူငွေ ပေးလှူပြီး အလှူအထမမြောက်သေးသော အလှူရှင် လုံးဝ မရှိပါ။ အလှူရှင်များအနေဖြင့်လည်း ပွင့်လင်းစွာ ဆက်သွယ်လှူဒါန်းနေခြင်း ဖြစ်ပါသည်။
၎။
သံဃာအပါးရေကို လာရောက် ဆွမ်းလောင်းလှူပေးနေသော သုံးခွကျောင်း၊ ဖျာပုံကျောင်း၊ မင်္ဂလာသိင်္ဂီကျောင်းတို့မှ သံဃာများ၊ လူဒကာများကို မေးမြန်းနိုင်ပါသည်။ ဆွမ်းခက်ခဲသော စစ်ကိုင်းတောင်တွင် ယခုလို လာသမျှ သံဃာကုန် လှူဒါန်းဆက်ကပ်မှုကို သံဃာများ မလိုချင် မရှိပါ။ ယခုထက် ကျယ်ကျယ်ပြန့်ပြန့် လှူနိုင်လျှင် ယခုထက်ပင် ပို၍ ဆွမ်းခံသံဃာ များပြားလာမည်သာ ဖြစ်ပါသည်။ ဆပ်ပြာ၊ ဗလာစာအုပ် စသည် လှူသောနေ့များတွင် သံဃာအပါးရေကို ပို၍ အတိအကျ သိနိုင်ပါသည်။ ၁၂-၁၀-၀၉ ရက်က ဆပ်ပြာခဲများ လှူဒါန်းရာတွင် ၅၃၇ ပါး ဆက်ကပ်ရပါသည်။ (၄၅၀ ခဲ မလောက်ငသဖြင့် အလှူရှင်၏ ဆန္ဒအရ ဝေယျာဝစ္စ ဒကာက အခဲ ၁၀၀ ကို ဆိုင်ကယ်ဖြင့် မြို့ထဲ သွားယူပေးခဲ့ရပါသည်)။ ၁၂-၈-၀၉ နေ့က ဆပ်ပြာအလှူရှင်များထဲမှ တစ်ဦးဖြစ်သူ မမာလာသင်းကိုယ်တိုင် လာရောက်လောင်းလှူပါသည်။ သံဃာ ၆၀၂ ပါး ကြွဗရာက်သဖြင့် ဆပ်ပြာ ၅၈၀ ခဲ မလောက်ငသော်လည်း ဗလာစာအုပ် ၆၀၂ အုပ်ကို တစ်ပါးတစ်အုပ် လှူနိုင်ခဲ့ပါသည်။
ထို့ကြောင့် ဆွမ်းခံသံဃာ အရေအတွက်မှာ ပိုမိုလောင်းနိုင်လျှင် ပိုမို၍ပင် များပြားလာဖွယ်သာ ရှိပါသည်။ အပါး ၂၅၀ မကျော်ဟူသော စွပ်စွဲချက်သည် မမှန်ကန်ပါ။ အနီးဆုံး အောင်မြေဦးကျောင်းမှပင် အပါး ၇၀ ကျော် ဆွမ်းပတ်တိုင်း ကြွနေသဖြင့် ကျန်သံဃာများ အပါးရေကို ခန့်မှန်းကြည့်နိုင်ပါသည်။
ဆက်ဖတ်ရန်...
ပြန်ခေါက်သိမ်းထားရန်...
ဆွမ်းလောင်းအသင်းအနေဖြင့် ဖြေရှင်းချက်များနှင့် ပတ်သက်၍ တစ်စုံတစ်ရာ ထပ်မံ မပြုလုပ်တော့ရန် ရေးသားခဲ့သော်လည်း ဆရာတော်များ၊ ဒါယကာ ဒါယိကာမများ၏ တောင်းဆိုချက်အရ ယခု ပို့စ်အား ရေးသားလိုက်ရပါသည်။
Make in Myanmar ဘလော့တွင် စွပ်စွဲပြောဆိုထားသော အချက်အလက်များအား သက်သေ အထောက်အထားများနှင့် တကွ ယနေ့ ဒီဇင်ဘာ (၁) ရက်နေ့မှ စတင်၍ ဒီဇင်ဘာ (၃) ရက်နေ့ နေ့လည် (၁၂) နာရီ နောက်ဆုံးထား၍ စစ်ကိုင်းမြို့၊ စစ်ကိုင်းတောင်ရိုး၊ လပြည့်ဝန်းလမ်း၊ သာသနာ့ဝေပုလ္လကျောင်းတိုက်သို့ လာရောက်ဖြေရှင်းပါရန်။
အကယ်၍ ဖြေရှင်းပေးနိုင်ခဲ့ခြင်းမရှိပါက သံဃာတော်များ ၏ လာဘ်လာဘကို ပိတ်ပင်ခြင်းနှင့် အလှူရှင်များ၏ သဒ္ဓါတရားကို ပိတ်ပင်ဖျက်ဆီးလိုသော ရည်ရွယ်ချက်များဖြင့်သာ လုပ်ဆောင်နေခြင်းဖြစ်ကြောင်း ၀န်ခံရာရောက်သည်ဖြစ်၍ နောက်နောင် ၄င်းတင်ခဲ့သော ပို့စ်များသည်လည်း ၄င်းရည်ရွယ်ချက်များဖြင့်သာ ရေးသားသည်ဟုမှတ်ယူ ပါမည်ဖြစ်ကြောင်း
ဆက်ဖတ်ရန်...
ပြန်ခေါက်သိမ်းထားရန်...