(ဘုံဆွမ်းလောင်းရာတွင် စစ်ကိုင်းတောင်ရိုး အနောက်ခြမ်း၊ သာသနာ့ဝေပုလ္လကျောင်းတိုက် ဝန်းကျင်တစ်ကြောရှိ ကျောင်းတိုက်အသီးသီးမှ သံဃာများ ကြွရောက် ခံယူကြပြီး ဝေယျာဝစ္စ သံဃာများနှင့် ဒကာဒကာမများက လုပ်အားဒါန ကုသိုလ်ပါဝင်ကြပါသည်။ အများအားနှင့် ဝိုင်းဝန်းစုပေါင်း လုပ်ဆောင်ခြင်း ဖြစ်သောကြောင့် ပွင့်လင်းလွတ်လပ်စွာ ပါဝင်နိုင်၊ မေးမြန်းနိုင်ပါသည်။ သိလိုသည်များကို ဇိနောဒယကျောင်း၊ မြစကြာကျောင်း၊ အောင်မြေဦးကျောင်း၊ မင်္ဂလာသိင်္ဂီကျောင်း၊ ဖျာပုံကျောင်း၊ သုံးခွကျောင်းနှင့် အနီးဝန်းကျင် ကျောင်းတိုက်များ အားလုံးသို့လည်းကောင်း၊ ဝေယျာဝစ္စ လူငယ်များသို့လည်းကောင်း လွတ်လပ်စွာ ဆက်သွယ်မေးမြန်းနိုင်ပါသည်။)
အရုဏ်မတက်ခင် ကြွလာပြီး ကျောင်းရှေ့မှာ မီးလှုံရင်း စောင့်နေတဲ့ ကိုရင်လေးတွေ
အရုဏ်ဆွမ်း ဘုဉ်းပေးနေတဲ့ သံဃာတွေအပါး ကြာဆံချက် လိုက်ပွဲဖြည့်ပေးနေတဲ့ ဒကာလေး
နေ့ဆွမ်း ကပ်ကြမယ်

ကြာဆံချက်ကို မြိန်ရည်ရှက်ရည် ဘုဉ်းပေးနေတဲ့ ကိုရင်လေးတွေ
အရုဏ်မတက်သေးဘူး၊ မီးလှုံရင်း စောင့်ကြစို့
နေ့ဆွမ်းခံယူနေတဲ့ သံဃာတော်များ
အရုဏ်ဆွမ်း - ကြက်သားကြာဆံချက်
Koyanagi Yoshiaki - မသင်းသင်းနိုင် ၊ သား- Koyanagi Hiroaki (ဂျပန်)
နေ့ဆွမ်း
ဝက်သား+ဂေါ်ရခါးသီးချက်။ သရက်ချဉ်၊ ငရုတ်သီးကြော် - မဝါဝါခိုင်မင်း၊ ကိုရန်အောင်၊ JulyDream၊ ရွာသားလေး ဝိုင်တီယူတို့၏ အလှူရှင် မောင်နှမများအဖွဲ့၊ ခင်ပွန်း ဦးအောင်ဖေ
အား ရည်စူး၍ ဒေါ်နန်းသန္တာအောင်
ဆွမ်းထမင်း+ပဲနှပ် - ကိုဖြိုး+ကိုထက် သူငယ်ချင်းနှစ်ဦး (ရွှေအိမ်ဖြူ တယ်လီဖုန်းရောင်းဝယ်ရေး)
ဆီ - ဒေါ်ချို (ဒေါ်ချို ကုန်မျိုးစုံ ရောင်းဝယ်ရေး၊ ရွှေဘို)
သီလရှင် အပါး ၃၀ - အရုဏ် ကြာဆံချက်၊ ဆပ်ပြာမှုန့်
အလှူရှင် ..........
ဝေယျာဝစ္စဒါန
-ဦးအာဒိစ္စ (ဖျာပုံကျောင်း)၊ ဦးပညာသာမိ (မင်္ဂလာသိင်္ဂီကျောင်း)၊ ဦးသာသန (ဆွမ်းခံကိုယ်တော်)၊ ဦးကေသဝ (ဆွမ်းခံကိုယ်တော်)
-ဆရာကြီး ဒေါ်ဝါယမီ (ချောင်အုပ် ဆရာကြီး၊ သိပ္ပမဉ္စရီချောင်)နှင့် ဆရာလေး မစရဏမဉ္စရီ (သုခမဉ္စရီချောင်)
-ကိုဝေ၊ ကိုဇော်၊ ဂစ်တာ၊ ဒေါ်ကြည်ရွှေနှင့် သမီး နုနုထွေး, ငြိမ်းအိထွေး၊ ဆရာကြီး ဒေါ်နန္ဒာသီရိကျောင်းမှ ဒကာမကြီး ခိုင်သင်းဦး
မနက် ၅ နာရီ ၃၅ မိနစ်မှာ အရုဏ်ဆွမ်း စကပ်နေပါပြီ။ အခု အပါး ၁၀၀ ကျော် ဘုဉ်းပေးနေပါတယ်။ ကပ်ပြီး မကြာခင် အပါး ၁၀၀ ကျော် ဘုဉ်းပေးပြီးတယ်။ ကိုရင်လေးတွေက လေးနာရီကျော်ကတည်းက ကြွလာပြီး ကျောင်းရှေ့မှာ မီးလှုံရင်း စောင့်နေကြတာပါ။
''အရှင်ဘုရား။ ထည့်ဦးမလား''
''ပြည့်စုံပါပြီ''
''ဒီဘက် ဒီဘက်ဦးဇင်းအတွက် လုပ်ပေးပါဦး''
''ကိုရင်ကြီး။ ဘုဉ်းပေးပြီးပြီလား။ ဘက ကလား''
''ငြိမ်းအိထွေး။ သံပရာသီးပန်းကန် ချပေးဦး။ ဒီဘက်ဒီဘက်''
ဆွမ်းကပ်ရင်း ခွေးတွေပါ ရစ်ဝဲလာလို့ မောင်းရသေးတယ်။ ဖျာပုံကျောင်းက ဦးအာဒိစ္စနဲ့ မင်္ဂလာသိင်္ဂီကျောင်းက ဦးပညာသာမိ ညကတည်းက ကျောင်းမှာ လာကျိန်းပြီး ဆွမ်းချက်ကြတယ်။ ဦးပညာသာမိက နားကြပ်၊ သွေးပေါင်တိုင်းကိရိယာနဲ့ ဆေးဝါးပစ္စည်းတွေဆောင်ပြီး အနီးဝန်းကျင်က သံဃာတွေ ကျန်းမာရေးကို တာဝန်ယူရလို့ ဒေါက်တာ..လို့ ဦးဇင်းတွေက ခေါ်ကြတယ်။ ဦးသာသနနဲ့ ဦးကေသဝကတော့ ဆွမ်းခံကြွလာရင်း ...ကိုယ်တိုင် ဝင်လောင်းပါရစေလို့ ခွင့်တောင်း၊ သပိတ် ဘေးချပြီး အရုဏ်ဆွမ်း ကပ်ကတည်းက ဝိုင်းလုပ် ဝိုင်းကပ်ပေးနေတာ ဖြစ်ပါတယ်။
ချောင်ဆရာကြီး ဒေါ်နန္ဒာသီရိက ကျောင်းက ဒကာမ မခိုင်သင်းဦးကို ဆွမ်းလောင်းဖို့ စေလွှတ်ပေးတယ်။ ရာသီအေးလို့ ဆရာကြီး မကြွလာလုပ်အားမပေးလှူနိုင်တာဖြစ်ကြောင်း သိရပါတယ်။ ဦးဇင်း ဦးကောဝိဒကကတော့ ဒကာမတွေ ကြီးကြီးငယ်ငယ် အားလုံးကို ဒကာမကြီးလို့ပဲ ကြိုက်ကြိုက်မကြိုက်ကြိုက် သုံးနှုန်းပါတယ်။
သံဃာ့ဒါနကို စေတနာထက်သန်လှတဲ့ ဆရာလေး မစရဏလဲ ဆရာကြီး ဒေါ်ဝါယမီနဲ့အတူ လောင်းလှူပေးနေတယ်။ ဆရာလေးရဲ့ မိဘနှစ်ပါးနဲ့ အစ်မကလဲ ဆရာလေးနဲ့စိတ်တူ သဒ္ဓါထက်သန်လှပါတယ်။ ခါတိုင်းဆို အစ်မဖြစ်သူပါ လာရောက် ကုသိုလ်ယူတတ်ပါတယ်။ ခါတိုင်း ညလာကျိန်းပြီး ဝေယျာဝစ္စဒါနပြုနေကျ မန္တလေး မြင်းဝန်မင်းကြီးကျောင်းက ဦးပညာဝံသကတော့ မကွေးမှာ သံဃာတွေကို ကုသိုလ်ဖြစ် ကွန်ပျူတာသင်တန်းပေးဖို့ ဆရာရွှေလမ်းငွေလမ်းဝင်းကြည်က ပင့်ထားတာကြောင့် ဒီတစ်ပတ် မလာနိုင်ဘူး။
ဦးသုဇာတကလဲ နားဝေဒနာ ခံစားနေရတယ်။
''ဘုဉ်းမပေးရသေးဘူးလားဘုရား''
''ဒေါက်တာ...အထဲမှာ ခုံတွေ လွတ်ပြီလား''
''ကိုရင်... အချဉ်ထည့်ဦးမလား''
ဒကာ ကိုဝေက ဦးဇင်းတစ်ပါးနဲ့ တွဲပြီး နေ့ဆွမ်းလောင်းဖို့ ဆွမ်းတောင်းကြီးကို မ,ချလာတယ်။ ဆွမ်းဝင်လောင်းချင်လို့ စောစောကြွလာတဲ့ ဦးဇင်းနှစ်ပါးလဲ မနားရတော့ဘူး။
အရုဏ်ဆွမ်းကို ဆက်တိုက် ကပ်နေရတော့ နေ့ဆွမ်း မလောင်းရသေးဘူး။ အရုဏ် ဘုဉ်းပေးပြီးတဲ့ သံဃာတွေက သပိတ်ပိုက်ပြီး နေ့ဆွမ်း ဆက်လက်ခံယူဖို့ တန်းပြီး စောင့်ဆိုင်းကြပါတယ်။ ဝက်သား+ဂေါ်ရခါးသီးက အချိုချက်၊ ပဲနှပ်ကလဲ အချိုဆိုတော့ အအီပြေ သရက်ချဉ်နဲ့ အစပ်ကြိုက်သူ ကိုယ်တော်များအတွက် ငရုတ်သီးကြော်ပါ ကပ်ပါတယ်။
ဆွမ်းထမင်း ဇလုံနဲ့ လောင်းသူကလောင်း၊ ဟင်းဇလုံတွေထဲက ခပ်ခပ်ပြီး ဝတ်ခွက်တွေထဲ ထည့်သူထည့်နဲ့ ဦးဇင်းတွေရော၊ ဆရာကြီးနဲ့ ဆရာလေးရော၊ ဒကာဒကာမတွေပါ မနားရတော့ဘူး။ အရုဏ်ဆွမ်းကလဲ ဘုဉ်းပေးနေကြဆဲဆိုတော့ ရှေ့နဲ့နောက် လူမျှအောင် ပြေးလွှားနေရတယ်။ ညလာအိပ်ပြီး ဆွမ်းချက်ပေးတဲ့ ဦးဇင်းတွေရော၊ မိုးမလင်းခင် ရောက်လာပြီး ဆွမ်းကပ်ပေးကြတဲ့ ဦးဇင်းတွေနဲ့တစ်ကွ အားလုံး ဝိုင်းကြဝန်းကြလို့သာပဲ။
အရုဏ်က အပါး ၂၅၀ ဝန်းကျင် ဒီနေ့ ဘုဉ်းပေးကြတယ်။ တစ်ချို့ကိုယ်တော်အငယ်တွေ သုံးပန်းကန်လောက် ဘုဉ်းကြတာ ကြည်နူးဝမ်းသာစရာပါပဲ။ နေ့ဆွမ်းကပ်တော့ မြစကြာက အပါး ၄၀ လောက် ဆွမ်းတန်း အစောကြီး ကြွလာတယ်။ ဆွမ်းလောင်းပြီးခါနီးမှာ ဇိနောက အပါး ၂၅၀ လောက် ဆွမ်းရပ်တယ်။ ဇိနောတန်းကိုတော့ ဆွမ်းဟင်းတွေကို ချိုင့်တွေနဲ့ ကပ်ပြီး သပိတ်များထဲကို ဆွမ်းထမင်း ကပ်ပါတယ်။ နေ့ဆွမ်း အပါး ၄၅၀ လောက် ခံယူကြပါတယ်။ ဝါကျွတ် ဇာတိရပ်ရွာ ပြန်ကြွချိန်ဆိုတော့ နည်းသွားတာပါ။
ဒီလောက်များတဲ့ သံဃာထုကို အရုဏ်ဆွမ်း ကျပ်ငါးသောင်း၊ နေ့ဆွမ်း ကျပ်တစ်သိန်းနဲ့ ဒီခေတ်မှာ ကပ်နိုင်တယ်ဆိုတာ တက်တက်ကြွကြွ လာပြီး ထမ်းဆောင်ပေးကြတဲ့ ဝေယျာဝစ္စ ဒါနရှင်တွေက အဖိုးတန် လုပ်အားကို အဖိုးမဲ့ ပေးလှူနေတာကြောင့်၊ ဆီအလှူရှင် ဒကာမကြီး ဒေါ်ချိုနဲ့ ဆွမ်းနဲ့ ပဲအလှူရှင် ဒကာဖြိုး၊ ဒကာထက်တို့က ဆွမ်းအတွက် အရေးကြီးလှတဲ့ ဆီ၊ ဆန်နဲ့ ပဲကို တနင်္လာ ဆွမ်းပတ်တိုင်း ကပ်သာကပ်၊ ကုန်တိုင်း ထပ်ဖြည့်ပေးမယ်လို့ တာဝန်ယူ လှူဒါန်းနေကြတာကြောင့် ဖြစ်ပါတယ်။ ရာချီနေတဲ့ သံဃာတွေကို စရိတ်နည်းနည်းနဲ့ အပါးရေများများ ကပ်နိုင်အောင် ဒီလို ပေးလှူကြတဲ့ ပစ္စည်းဒါန၊ လုပ်အားဒါနရှင်တွေ အားလုံးကို သံဃာများကိုယ်စား ကျေးဇူးတင်ပါတယ်။
သံဃာတွေကို အရုဏ်ကပ်အပြီးမှာ ပင့်ထားတဲ့ သီလရှင် ဆရာကြီး ဆရာလေး အပါး ၃၀ ကို အရုဏ်ဆွမ်း ဆက်ကပ်တယ်။ အရုဏ် ဘုဉ်းပေးအပြီးမှာ ဆပ်ပြာမှုန့်ထုပ်များ တစ်ပါးတစ်ထုပ်စီ လောင်းလှူပါတယ်။
အောင်မြေဦး ကျောင်းလေး ပြီးသွားပါပြီ။ မနေ့ညကတည်းက တံခါးရွက်တွေ အချောရိုက်မပြီးသေးပေမယ့် သာမဏေ ၁၃ ပါး ကျောင်းလေးကို ကြွပြီး ကျိန်းစက်တော်မူကြပါတယ်။
ကိုယ်ရုံလျှော်ဖွပ်ဖို့၊ ခွက်ယောက်ဆေးကြောဖို့ ဆပ်ပြာမှုန့်ထုပ်များ လောင်းလှူ
ဆက်ဖတ်ရန်...
ပြန်ခေါက်သိမ်းထားရန်...
ဦးဇင်းရဲ့ ဘွဲ့အမည်နဲ့ လုပ်ငန်းတွေကို စွပ်စွဲ နေသော မဟုတ်မမှန် စွပ်စွဲချက် ပို့စ်များကို ဖြေရှင်းဖို့ရန် အစီစဉ်လုံးဝမရှိခဲ့ပါဘူး။ ဒါပေမဲ့ အလှူရှင်ဒါယကာ၊ဒါယိကာမများ၏ သဒ္ဒါတရားကို ငဲ့ညှာသောအားဖြင့် ဖြေရှင်းပေးလိုက်ပါတယ်။
၎င်းစွပ်စွဲချက်များ နှင့်ဦးဇင်းရဲ့လုပ်ငန်း မှန်သမျှကို အသေးစိတ်သိလိုသူများ ကိုယ်တိုင် အမြဲတမ်း လာရောက်လေ့လာနိုင်ပါတယ်။
နောက်ဆိုလျှင် ဘယ်လိုစွပ်စွဲမှုမျိုးမှ ဖြေရှင်းပေးမည် မဟုတ်ကြောင်း အများသိစေရန်မေတ္တာရှေ့ထား ရေးသားလိုက်ပါတယ်။
အလှူရှင်ဒါယကာ။ဒါယိကာမများအားလုံး စိတ်၏ချမ်းသာခြင်းကိုယ်၏ကျန်းမာခြင်းအပေါင်းတို့နှင့် ပြည့်စုံကြပါစေလို့ ဆုတောင်းမေတ္တာများ ပို့သလိုက်ပါတယ်။
ဆက်ဖတ်ရန်...
ပြန်ခေါက်သိမ်းထားရန်...
ကျောင်းအစ်မလုပ်မယ့် သမီးလေး ရတနာနဲ့ သူ့မောင်လေး ရဲထွဋ်
အောင်မြေဦး ဘုန်းတော်ကြီးသင် ပညာရေးကျောင်းမှာ သံဃာသာမဏေများ သီတင်းသုံး နေထိုင်ဖို့ ကျောင်းငယ်တစ်ကျောင်း ဒီနေ့ ဆောက်လုပ်ပါမယ်။ ဒီကျောင်းလေးမှာ ဘုရားဆင်းတုတော်နဲ့ ဘုရားကျောင်းဆောင် လှူဒါန်းမယ့် အလှူရှင် ပေါ်လာတယ်။ ဒီအလှူရှင်က ကြီးသွားတောင် မပေါက်သေးဘူး။ နော်ဝေနိုင်ငံ ထရော့ဟိန်းမြို့က မူကြိုကျောင်းသူ သမီးလေး ရတနာသန့် (အသက် လေးနှစ်)က ဖေဖေ ကိုဒီပါ၊ မေမေ မခိုင် တို့ကို အမှူးထားပြီး ဘုရားကျောင်းဆောင် ဆောက်လုပ်လှူဒါန်းပါမယ်။
ကျောင်းဆောင်ဆောက်ဖို့နဲ့ ဘုရားဆင်းတုတော် အတွက် ခရိုနာ ၅၀၀ ဒီနေ့ လှူဒါန်းပါတယ်။ ''ကျောင်းဆောင်လှူမလို့လား'' ဆိုတော့ ''ဟုတ်ကဲ့''တဲ့။
ဆက်ဖတ်ရန်...
ပြန်ခေါက်သိမ်းထားရန်...
သံဃာတော်တိုင်း အခမဲ့
စက်ရော ဆီရော အခန်းပါ လှူသည့် ကွန်ပျူတာဆိုင် ၁၂-၁၁-၂၀၀၉ ၊နေ့ နံနက်(၇)နာရီတွင်ပညာရေးဒါနအဖြစ် (ကွန်ပျူတာများနှင့်မီးစက်အခမဲ့အသုံးပြုရန်) အလှူရှင်ရွှေလမ်းငွေလမ်းဝင်းကြည်၊ဒေါ်ခင်စီမိသားစု၏ GB Cyber Cafe အမှတ်(၅)ဟိန္ဒူဆိုင်တိုက်တန်း၊ပြည်တော်သာလမ်း၊ ရွာသစ်ရပ်၊ မကွေးမြို့တွင်အမှတ်စဉ်(၁)သင်တန်းကို ဖွင့်လှစ်ခဲ့သည်။
ယင်းသင်တန်းအားမကွေးတိုင်းသံဃာ့နာယက အဖွဲ့နှင့်တိုင်းသာသနာရေးဦးစီးမှူးရုံးမှ ဦးစီးကျင်းပဆောင်ရွက်ပေးပါသည်။
သင်တန်းပို့ချပေးသော ဆရာတော်များမှာ စစ်ကိုင်းမြို့ EVERYONE ITEducation ဝေပုလ္လကျောင်းတိုက် (အခမဲ့ကွန်ပျူတာသင်တန်းကျောင်း)၊ (စစ်ကိုင်းတောင်ရိုး ဆွမ်းလောင်းအသင်း) ဦးစီးဆရာတော် ဦးကောဝိဒ နှင့်မန္တလေးမြို့ မြင်ဝန်မင်းကြီးကျောင်းတိုက် စာချဆရာတော် ဦးပညာဝံသတို့နှစ်ပါးသင်ကြားပို့ချပေကြမည်။ သင်တန်းပို့ချရန်အတွက်ဆရာတော်နှစ်ပါးအားမန္တလေး။ မကွေးခရီးစရိတ်အားရွှေဒိုမိန်းမိသားစုမှကျပ်ငွေ(၂၅၀၀၀၀ိ)နှစ်သိန်းငါးသောင်းလှူဒါန်းထားကြောင်းကြားသိရ၏။
ယင်းဆရာတော်နှစ်ပါးအားမကွေးတိုင်းသံဃာ့နာယက ဥက္ကဌ ဆရာတော် ပညာစက္ကကျောင်းတွင်ဧည့်ခံသတင်းသုံးနေထိုင်တော်မူကြောင်းသိရပါသည်။ အမှတ်စဉ်(၁)သင်တန်းတွင်တက်ရောက်ကြားကြသောဆရာတော်များမှာ မကွေးမြို့ စာသင်တိုက် အသီးသီးမှစာချဆရာတော်များ ဖြစ်ကြောင်းသိရ၏။ ကွန်ပျူတာ အခြေခံမှ စ၍စာစီစာရိုက်နည်းပညာများ၊ windows အသုံးပြုနည်းများအခြားကွန်ပျူတာနှင့်ပါက်သက်သော နည်းပညာများတိပိဋက အဘိဓာန် ဆော့ဝဲများအားအသုံးပြုခြင်း နိုင်ငံတကာနှင့် ရင်ဘောင်တန်း ၍ ကွန်ပျူတာအသုံးပြုနိုင်ရန် အထိ လေ့ကျင့်သင်တန်းပို့ချပေးမည်ဟု ကြားသိရပါသည်။
သင်တန်းကာလမှာ (၁)လဖြစ်၍ တစ်ပါတ်လျှင် ကြာသာပတေးနေ့၊ သောကြာနေ့၊စနေနေ့(၃)ရက် ပို့ချပေးပါမည်။ သင်တန်းချိန်မှာ နံနက်(၇-၉)နာရီတစ်ချိန်၊နေ့လည်(၁-၃)နာရီ၊ တစ်ရက်(၂)ချိန်သင်ကြားပို့ချပေးပါမည်။သင်တန်းနှစ်သုတ်သင်ကြားပေးသွားမည်ဖြစ်ပါတယ်။ ယင်းသင်တန်းသို့တက်ရောက်သင်ကြားလိုကြသော ဆရာတော်၊သီလရှင် များအား မကွေးတိုင်း သံဃာ့နာယကအဖွဲ့ထံ စုံစမ်းစာရင်းပေးသွင်းကြရမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။
အဆိုပါသင်တန်းများသို့ ဆက်သွယ် လိုပါက ၀၉-၂၁၁၀၂၀၂ ၊ ၀၂-၆၅၃၇၁ ၊ ၀၆၃-၂၅၁၉၇သို့ဆက်သွယ်နိုင်ကြပါသည်။
ဆက်ဖတ်ရန်...
ပြန်ခေါက်သိမ်းထားရန်...
မနက် ၅း၂၀ မိနစ်မှာ အရုဏ် စကပ်ပါတယ်။ အရုဏ် အာဟာရဒါန ကုသိုလ်ရှင်ကတော့ ကနေဒါနိုင်ငံမှ ကိုမြင့်သူ+မမွှေးမွှေးကြူနှင့် သမီးငယ်လေး မဇင်မွန်ထက် တို့၏ တတိယအကြိမ်မြောက်အလှူ ဒါနဖြစ်ပါတယ်။ ပထမအကြိမ် အလှူကိုတော့ ၁၂.၁၀.၂၀၀၉ ရက်နေ့မှာလှူဒါန်းခဲ့ကြပြီး၊ ဒုတိယအကြိမ် အလှူကိုတော့ ၁၅.၁၀.၂၀၀၉ ရက်နေ့မှာ လှူဒါန်းခဲ့ကြပါတယ်။
အရုဏ်ဆွမ်းကို သံဃာ အပါး (၂၅၀) ကြွရောက်ဘုဉ်းပေးကြပါတယ်။် ကနေဒါနိုင်ငံမှအလှူရှင်များဟာ ကိုရင်များအတွက် သင်္ကန်း (၁၀) စုံကို လှူဒါန်းဖို့လည်း မေးလ်ပို့၍လျှောက်ထားပါတယ်။ယနေ့ဝေယျာဝစ္စ ကုသိုလ်ရှင်များကတော့ ဦးအာဒိစ္စ(ဖျာပုံကျောင်း)၊ ဦးပညာသာမိ( မင်္ဂလာသိင်္ဂီကျောင်း)တို့ ဖြစ်ပါတယ်. ဒါ့အပြင် ယနေ့အရုဏ်ဆွမ်းကပ်လှူအပြီးမှာ ဆွမ်းခံကြွလာသူ ဦးဇင်းတစ်ပါးမှ ဆွမ်းလောင်းခွင့်ရှိပါသလား၊ ကိုယ်တိုင်လောင်းလှူချင်ပါတယ်ဆို၍ လောင်းလှူခွင့်ပြုခဲ့ပါတယ်။
သီလရှင်ဝေယျာဝစ္စ များကတော့ ဒေါ်ဝိလာသီ၊ ဒေါ်ဝါယမီ၊ မစရဏမဉ္စရီ ၊ မရူပ တို့ဖြစ်ကြပါတယ်။ ဆွမ်းချက်တဲ့ဝေယျာဝစ္စ ဒါယကာတွေကတော့ ကျော်စိုးအောင်၊ ဒါယကာဂစ်တာ၊ မောင်ဇော် ၊ မောင်ဇော်ဇော်အောင်တို့ဖြစ်ကြပါတယ်။ ဒေါ်ကြည်ဌေး၊ မငြိမ်းအိထွေး နှင့် ယနေ့ဒေါ်ကြည်ဌေး၏ သမီးတစ်ဦးမှ ဝေယျာဝစ္စ လာရောက် ကုသိုလ်ယူခဲ့ပါတယ်။ မနက်ခင်း ပန်းကန်ဆေးဝေယျာဝစ္စ ကတော့ မဇင်မာထွေး ဖြစ်ပါတယ်။
နေ့ဆွမ်းကိုတော့ နံနက် (၆) နာရီမှာစတင်လောင်းလှူပါတယ်။ သံဃာအပါး ၄၀၀ ကျော်ကြွရောက်၍ နေ့ဆွမ်းခံယူကြပါတယ်။ သံဃာအင်အားများတော့ လမ်းပိတ်ဆို့မှုတွေ မဖြစ်စေရန် ၀ါးလုံးနှင့် လမ်းတားထားရပါတယ်။
မန္တလေးမြို့ကဆွမ်းလောင်းအသင်းတွေမှာတော့စတီးလက်တန်းတွေနဲ့အပေါ်မှာသာသနာ့အလံများကိုစိုက်ထောင်ထားကြပါတယ်။ နေ့ဆွမ်း အလှူရှင်များကတော့ ဆွမ်းထမင်း+ပဲ ကတော့ ကိုဖြိုး+ ကိုထက် ရွှေအိမ်ဖြူတယ်လီဖုန်းရောင်းဝယ်ရေး (မန္တလေး) နှင့် နေ့ဆွမ်းဟင်းများကတော့ မ၀ါဝါခိုင်မင်း ၊ကိုရန်အောင်၊ ရွာသားလေးဝိုင်တီယူ၊ July Dream တို့ဦးဆောင်သော တစ်နှစ်စာဆွမ်းအလှူရှင်များအဖွဲ့နှင့် ကွယ်လွန်သူဦးအောင်ဖေအား ရည်စူး၍ ဒေါ်နန်းသန္တာအောင်တို့ကောင်းမှုဖြစ်ပါတယ်။
သံဃာတော်များကိုဆွမ်းကပ်ခြင်းဆွမ်းလောင်းခြင်းများဆောင်ရွက်ပြီးချိန်မှာတော့ နံနက် ၇ နာရီထိုးပါပြီ။ သီလရှင်အပါး (၃၀) ကြွလာပြီး ကြာဇံချက် ဘုဉ်းပေးကြပါတယ။် ကြာဇံဘုဉ်းပေးပြီးသီလရှင်အပါး (၃၀)ကို ဆပ်ပြာမွှေးများ တစ်ပါးကိုတစ်ခဲစီလှူဒါန်းပါတယ်။ ယနေ့သီလရှင်အပါး ၃၀ အလှူရှင်ကတော့ သီလရှင်များကိုအမြဲတမ်းလှူဒါန်းနေသော အလှူရှင်တစ်ဦးဖြစ်ပြီး သံဃာတော်များအတွက် အရုဏ်ဆွမ်း အလှူရှင်မရှိတဲ့ရက်များမှာ တာဝန်ယူ လှူဒါန်းပေးနေသောအလှူရှင်တစ်ဦးဖြစ်ပါတယ်။
တန်ဆောင်မုန်းလပြည့်ကျော် (၈) ရက်နေ့မှာလည်း အောင်မြေဦး ဘုန်းတော်ကြီးသင်ပညာရေးကျောင်းမှ သာမဏေ (၁၅) ပါးကို စကိတ်သင်္ကန်း တစ်ပါး (၁) စုံစီလှူဒါန်းခဲ့ပါတယ်။ အောင်မြေဦး ဘုန်းတော်ကြီးသင်ပညာရေးကျောင်းမှာ ကပ်မိုး ထရံကာ ၀ါးခင်း ကျောင်းတစ်ဆောင်ဆောက်လုပ်လှူဒါန်းဦးမှာလည်းဖြစ်ပါတယ်။ တခြားအလှူလုပ်ခဲ့တာတွေလည်း ရှိပါသေးတယ်။ အနာကြီးရောဂါသည်ကျေးရွာမှာ လှူဒါန်းခဲ့တာတွေ ၊ ဦးသုဇာတ ၏ အမ မဗိုလ်မ ကို mp4 လှူဒါန်းခဲ့တာတွေ၊ ဆွမ်းလောင်းအသင်းအတွက် စားပွဲခုံ လှူဒါန်းခဲ့တာတွေရှိပါတယ်။ ဒီအပတ်တော့ ဆွမ်းလောင်းချိန်အင်တာနက် အခက်အခဲ၊ ဖုန်းခေါ်မှုအခက်အခဲတွေ ဖြစ်ခဲ့တာကြောင့် ပိုစ့်တင်တာ နောက်ကျသွားပါတယ်.
အလှူရှင်များအားလုံးစိတ် ၏ချမ်းသာခြင်းကိုယ်၏ ကျန်းမာခြင်းအပေါင်းတို့နှင့့််ပြည့်စုံကြပါစေလို့ ဆုတောင်းမေတ္တာများ ပို့သလိုက်ပါတယ်။
ဒါယိကာမကြီးဒေါ်ဝါ၀ါခိုင်မင်း မှ ဆွမ်းလောင်းအသင်းအတွက် ထိုင်ခုံအလှူရှင်များ ရရှိပြီဖြစ်ကြောင်း မေးလ်ပို့ထားပါတယ်။ ထိုင်ခုံများ စားပွဲအလှူရှင်များကို သီးသန့်ပိုစ့်တင်ပေးသွားပါမည်။
ဦးကောဝိဒ
ဆက်ဖတ်ရန်...
ပြန်ခေါက်သိမ်းထားရန်...