Wednesday, December 23, 2009

၂၃-၁၂-၀၉ ဦးဘိုနီ-ဒေါ်ခင်ခင် ၊သမီး တင်မိုးနီ မိသားစု အလှူ

မုန့်ဟင်းခါးပူပူ ဘုဉ်းပေးစို့

ဆွမ်းနဲ့ ဆွမ်းဟင်းများ လောင်းလှူနေစဉ်


မနက်ဝေလီဝေလင်းမှာ ဆွမ်းခံယူလျက်
(ဦးဇင်း ဦးကောဝိဒ ဒီနေ့ စာမေးပွဲ ဖြေရတာကြောင့် ဓာတ်ပုံတွေ ပို့ရတာ အခက်အခဲ ဖြစ်သွားပါတယ်။ အားနည်းချက်ရှိရင် သည်းခံစေလိုပါတယ်။ )
ပြာသိုလဆန်း ၈ ရက်၊ သာသနာသက္ကရာဇ်၂၅၅၃ ခုနှစ် (၂၃-၁၂-၀၉) ဗုဒ္ဓဟူးနေ့

နေ့ဆွမ်း
ဝက်သား+အာလူးဟင်း၊ ပဲတီချဉ်+မုန်လာဥချဉ်၊ ဘာလချောင်ကြော်၊ ဆွမ်းထမင်း
အလှူရှင် - ဦးဘိုနီ-ဒေါ်ခင်ခင် ၊သမီး တင်မိုးနီ မိသားစု(စင်ကာပူ)

အရုဏ်ဆွမ်း - မုန့်ဟင်းခါး
အလှူရှင် .........

ဝေယျာဝစ္စဒါန
-ဦးအာဒိစ္စ (ဖျာပုံကျောင်း)၊ ဦးဓမ္မာနန္ဒ (မင်္ဂလာသာစည်ကျောင်း)၊ ဦးခေမိန္ဒ (မင်္ဂလာသာစည်ကျောင်း)
-ဒေါ်ဝိလာသီ (သိပ္ပမဉ္စရီချောင်)၊ ဒေါ်စန္ဒာသီရိ (ထီလာညွန့်ချောင်)၊ ဒေါ်စန္ဒာသိင်္ဂီ (သိဒ္ဓိမော်ချောင်)၊ ဒေါ်စရဏမဉ္စရီ (သိပ္ပမဉ္စရီချောင်)
-ဒေါ်အေးသန်း၊ ဒေါ်ကြည်ဌေး, သား ကိုဆန်းထွန်း ဇနီးမောင်နှံ၊ သမီး မပွေးနှင့် ငြိမ်းအိထွေး၊


မနက် ၅ နာ၇ီ ၃၀ မှာ အရုဏ်ဆွမ်း စကပ်တယ်။ အရုဏ်ကပ်ပြီး ၁၀ မိနစ်ကြာတော့ နေ့ဆွမ်း စလောင်းပါတယ်။

အစောကြီး ကြိုရောက်နေတဲ့ ကိုရင်လေးတွေက မီးလှုံရင်း စောင့်ကြတယ်။ စောစောကြွလာတော့ အရုဏ်ဆွမ်းရော နေ့ဆွမ်းရော မစောင့်ရဘဲ စောစောဘုဉ်းပေးနိုင်၊ စောစော ခံယူနိုင်တာမို့ မနက် ၃ နာရီခွဲလောက်ကတည်းက ကိုရင်တွေက ဇွဲကောင်းကောင်းနဲ့ ရောက်နေကြတယ်။ ဆွမ်းမဘုဉ်းပေးခင် ကိုရင်လေးတွေက မေတ္တသုတ် ရွတ်ဖတ်သရဇ္ဈာယ်တော်မူကြပါတယ်။

၆ နာရီ ၄၅ မှာ သံဃာတွေ အရုဏ်ဆွမ်း ဘုဉ်းပေးပြီးတယ်။ သံဃာတွေကို အရုဏ်ဆွမ်း ကပ်အပြီးမှာ အလှူရှင် ဆန္ဒအရ သီလရှင် ဆရာလေးများကိုလည်း မုန့်ဟင်းခါးအရုဏ်ဆွမ်း ကပ်လှူပါတယ်။

''အရှင်ဘုရား... မုန့်ဟင်းခါး ဘုဉ်းပေးပါဦး''
မနက် ၇ နာရီလောက်မှာ ဆွမ်းခံသံဃာတော်တစ်ပါး ထပ်ကြွလာတော့ အရုဏ်ဆွမ်း ဘုဉ်းပေးဖို့ အထဲပင့်တယ်။ ''ကိုရင်လေးတွေ တော်တော် ဘုဉ်းပေးကြတယ်'' လို့ ဆွမ်းလောင်းစီမံပေးတဲ့ ဦးအာဒိစ္စက မိန့်ပါတယ်။ ''အပို မရှိဘူး။ အလိုပဲ ရှိတယ်'' လို့လဲ သံဃာတွေ လောင်းလှူရပုံကို အမိန့်ရှိတယ်။

ဦးဇင်း ဦးကောဝိဒက ဒီနေ့ သီတဂူမှာ စာမေးပွဲ စဖြေရမယ့်နေ့မှာ ဆွမ်းလောင်းနေရတာပါ။ ဖျာပုံကျောင်းက ဦးအာဒိစ္စက ဓမ္မာစရိယတန်းမို့ တပေါင်းမှ ဖြေရမယ်။

ဥပုသ်နေ့မှာ ကံကောင်းစွာပဲ အလှူရှင် ပေါ်လာတော့ သံဃာတွေ အဆင်ပြေမယ့် ဝက်သားနဲ့အာလူးဟင်းပဲ စီမံလိုက်တယ်။ အရိုးမပါတဲ့ အသားဆိုတော့ တစ်ပါးချင်း ဝတ်ခွက်ထဲ ကပ်ရတာလဲ မျှမျှတတရှိ၊ ဘုဉ်းပေးရတာလဲ အဆင်ပြေလို့ပါ။ ငါးပိကြော်ကလဲ သံဃာတွေ အကြိုက်ဆိုတော့ မပါမဖြစ် ထည့်ရတယ်။ ဆွမ်းရပ်တဲ့ သံဃာတန်းကတော့ ထုံးစံအတိုင်း အရှည်ကြီးပါပဲ။ ဒီနေ့ ဘောဇနသပ္ပာယ အဆင်ပြေစွာနဲ့ စာသင်စာချနိုင်၊ တရားအားထုတ်ကျင့်ကြံနိုင်ဖို့ရာ အားကြီးတဲ့ အထောက်အပံ့ဖြစ်တဲ့ အာဟာရကို လှူခဲ့ရပါပြီ။

အိမ်တွေမှာ ဆွမ်းခံဖို့ဆိုတာ ဆွမ်းခံကြွဖို့ ပင့်ထားတဲ့အိမ်မှ ရပ်ရတဲ့ထုံးစံဆိုတော့ ဒီဘုံဆွမ်းကို စာသင်သား သံဃာတွေနဲ့တကွ သံဃာအားလုံး ကြိုက်ကြပါတယ်။ အထူးသဖြင့် တစ်ရပ်တစ်ကျေးက စာဝါလာလိုက်နေတဲ့ကိုယ်တော်တွေ၊ ဆွမ်းခံအိမ် လောက်လောက်ငင မရတဲ့ သို့မဟုတ် လုံးဝ မရသေးတဲ့ သံဃာတွေ၊ သာမဏေတွေ ဘုံဆွမ်းကို အထူး အားထားကြတယ်။ အစိမ်းအကျက်မရွေး လာသမျှသံဃာ ခံယူခွင့် ရှိလို့ပါ။

0 comments: