Monday, December 21, 2009

ပြာသိုလဆန်း ၆ရက်၊ ၂၅၅၃ ခုနှစ် (၂၁-၁၂-၀၉) ဆွမ်းအလှူ

မုန့်ဟင်းခါး အရုဏ်ဆွမ်း ဆက်ကပ်စဉ်

အဝ ဘုဉ်းပေးနိုင်ကြဖို့

နေ့ဆွမ်းလောင်းမယ်

ဆွမ်းထမင်း တစ်ပါးစာ လောင်းလှူပေးနေသော ဒကာမကြီး ဒေါ်ကြည်ဌေး

ဝက်သား-အာလူးဟင်း ဆက်ကပ်စဉ်

မုန်လာဥချဉ် လောင်းလှူနေသည့် သီလရှင် ဆရာကြီး

ပဲနှပ်လဲ တစ်ပါးချင်းစီအတွက်



ဆွမ်းခံယူနေသည့် သံဃာများ

အရုဏ်ဆွမ်း - မုန့်ဟင်းခါး
အလှူရှင် ..............

နေ့ဆွမ်း
ဝက်သား+အာလူး၊ မုန်လာဥချဉ်၊ ဘာလချောင်ကြော်
မဝါဝါခိုင်မင်း၊ ကိုရန်အောင်၊ JulyDream၊ ရွာသားလေး ဝိုင်တီယူတို့၏ နေ့ဆွမ်းအလှူရှင် မောင်နှမများအဖွဲ့)၊ ခင်ပွန်းဦးအောင်ဖေအား ရည်စူး၍ ဒေါ်နန်းသန္တာအောင်

ဆွမ်းထမင်း+ပဲနှပ် - ကိုဖြိုး၊ ကိုထက် (ရွှေအိမ်ဖြူ တယ်လီဖုန်း ရောင်းဝယ်ရေး၊ မန္တလေးမြို့)

ဆီ - ဒေါ်ချို (ဒေါ်ချို ကုန်မျိုးစုံရောင်းဝယ်ရေး၊ ရွှေဘိုမြို့)

ဝေယျာဝစ္စဒါန
-ဦးပညာဝံသ (မြင်းဝန်မင်းကြီးကျောင်း)၊ ဦးအာဒိစ္စ (ဖျာပုံကျောင်း)၊ ဦးဓမ္မာနန္ဒ (မင်္ဂလာသာစည်ကျောင်း)
-ဆရာကြီး ဒေါ်ဝါယမီ (သိပ္ပမဉ္စရီချောင်)၊ ဆရာကြီး ဒေါ်ဝိလာသီ (အောင်မြေသာစံချောင်)၊ ဆရာကြီး ဒေါ်စန္ဒ(သိဒ္ဓိမော်ချောင်)၊ ဒေါ်စရဏမဉ္စရီ (သိပ္ပမဉ္စရီချောင်)
ဒေါ်ကြည်ဌေးနှင့် သား ကိုဆန်းထွန်း၊ သမီး မပွေး၊ သမီး ငြိမ်းအိထွေး

(အနာကြီး ရောဂါဒဏ်ကို ခံခဲ့ရတဲ့ မြရတနာ ဆရာတော် အဆုတ်ကင်ဆာ ဖြစ်နေတာ မန္တလေး ပြည်သူ့ဆေးရုံကြီးကို ဓာတ်ကင်ဖို့ တက်ရပါမယ်။ မန္တလေးမှာ ဆေးရုံတက်ဖို့ မတတ်နိုင်လို့ အခက်အခဲ တွေ့နေကြောင်း ကြားတော့ ကိုဖြိုး၊ ကိုထက် သူငယ်ချင်း နှစ်ဦးက တစ်ယောက် ၅၀,၀၀၀ ကျပ်စီ လှူဒါန်းကြတယ်။ ဆရာတော်ကတော့ အဆုတ်မှာ အကျိတ်ဖြစ်နေတယ်လို့ပဲ ရောဂါကို သိထားတယ်။ အဆုတ်ကင်ဆာဆိုတာ မသိရှာဘူး။ ကင်ဆာလို ရောဂါမျိုးကျတော့ သံဃာ့ဆေးရုံကလဲ ဆေးရုံကြီးကိုပဲ ပြန်လွှဲပေးတာဆိုတော့ ဆေးရုံကြီးမှာ တက်ကုရမှာ ဖြစ်ပါတယ်။)

မနက် ၅ နာရီ ၃၀ မှာ အရုဏ်ဆွမ်း စကပ်တယ်။ အရုဏ်ဆွမ်းက အပါး ၃၀၀ လောက် ဘုဉ်းပေးကြတယ်။ မုန့်ဟင်းခါးကို ပိုကြိုက်ကြတယ်ဆိုလို့ လာမယ့် ဗုဒ္ဓဟူး ဆွမ်းလောင်းမှာလဲ မုန့်ဟင်းခါးပဲ အရုဏ်ဆွမ်းကပ်ပါမယ်။ တစ်ပါး မုန့်ဟင်းခါး ၃ ပန်းကန်လောက် ဘုဉ်းပေးကြတယ်။

ညထဲက ဦးအာဒိစ္စနဲ့ ကိုဆန်းထွန်း (ဆွမ်းဟင်းချက်တဲ့ ဒကာမကြီး ဒေါ်ကြည်ဌေးသား)တို့ ဆွမ်းပေါင်းကြပါတယ်။
နေ့ဆွမ်းက ၆ နာရီ ၅ မိနစ်မှာ စလောင်းတယ်။ ဝက်သားကို ဂေါ်ရခါးရောတာ ခဏနားပြီး အာလူးရောတယ်။ မုန်လာဥချဉ်နဲ့ ဘာလချောင်ငါးပိကြော်၊ ပဲနှပ်များ ကပ်တယ်။

လာမယ့် ၂၃-၁၂-၀၉ (ဗုဒ္ဓဟူးနေ့)မှာ ဦးဘိုနီ-ဒေါ်ခင်ခင် ၊သမီး တင်မိုးနီ မိသားစု(စင်ကာပူ)က နေ့ဆွမ်း ကပ်လှူပါလိမ့်မယ်။ ၃၀.၁.၂၀၁၀ (စနေနေ့) Mr.Lewis - hmwe (စင်္ကာပူ) မှအာရုံဆွမ်း+နေ့ဆွမ်း၊ ၂၀.၃.၂၀၁၀(စနေနေ့) ရဲရင့်နီ+ ချိုးချိုးတို့က နေ့ဆွမ်း လှူဒါန်းမှာ ဖြစ်ပါတယ်။

0 comments: