ရွှေလမ်းငွေလမ်းဝင်းကြည်
ခန်းမနဲ့ ကွန်ပျူတာတွေ ပညာဒါနပြုတယ်ဆိုလို့ ကွန်ပျူတာသင်ဖို့ ကြွလာတဲ့ သံဃာများ
နေ့ဆွမ်းအပြင် အကြိုအပို့အတွက်လဲ မကွေးတိုင်း သံဃာ့နာယက ဆရာတော်က ယာဉ်လှူဒါန်း
(၁၂-၁၁-၀၉)နေ့မှစတင်ခဲ့သော ဤ သံဃာတော်များ အခမဲ့သင်တန်းကို(၂၆-၁၁-၀၉ မှ ၂၈-၁၁-၀၉)နေ့အထိ (၃)ရက်တွင် တစ်ရက်(၂)ချိန် တတိယပတ် ပညာဒါနအလှူတော် ဖြစ်ပါ၏။
မကွေးတိုင်းသံဃာ့နာယက ဥက္ကဌ ဆရာတော်ဦးပညာစက္က မှ သင်တန်းနည်းပြဆရာတော် နှင့် သင်တန်းသား သံဃာတော် များအား သွားလာသတင်းသုံး ဧည့်ခံရေးအတွက် မော်တော်ယာဉ်နှင့်အတူ ဆွမ်းကပ် လှူဒါန်းပါသည်။ သင်တန်းခန်းမအား ရွှေလမ်းငွေလမ်းဝင်းကြည်+ဒေါ်ခင်စီ မိသားစု၊ သင်တန်း နည်းပြဆရာတော်များ မန္တလေး၊ မကွေး ခရီးစရိတ်အလှူတော် ငွေ(၂၅၀၀၀၀ိ)နှစ်သိန်းခွဲ ကျပ်အား (ရွှေဒိုမိန်း)မိသားစုများမှ လှူဒါန်းကြပါသည်။ တတိယပတ် သင်တန်းနည်းပြဆရာတော်မှာ မန္တလေးမြို့၊ မြင်းဝန်မင်းကြီး ကျောင်းတိုက်မှ ဦးပညာဝံသ (ဓမ္မာစရိယ) ဖြစ်ပါသည်။
သင်တန်းတက်ရောက်သင်ကြားသောဆရာတော်များ

(၁) ဦးအဂ္ဂဓဇ။ မကွေးတိုင်း သံဃာ့နာယကအဖွဲ့ အကျိုးတော်ဆောင်ဆရာတော်၊ မဟာဝိသုတာရာမ တိုက်သစ်ကျောင်း၊ စလင်းမြို့။
(၂) ဦးမာနိတ ။ ပညာစက္ကာရာမကျောင်း၊ မကွေးမြို့။
(၃) ဦးကုသလ ။ မဟာဓမ္မိကာရာမတိုက်၊ မကွေးမြို့။
(၄) ဦးကောသလ္လ ။ ပြည်တော်သာစာသင်တိုက်၊ မကွေးမြို့။
(၅) ဦးဝါသေဋ္ဌ ။ ကန်ဦးကျောင်းတိုက်၊ မကွေးမြို့။
(၆) ဦးသီရိန္ဒ ။ စိန်ပန်းဇ၀နတိုက်သစ်ကျောင်း၊ မကွေးမြို့။
(၈) ဦးကောဝိဒ ။ မင်္ဂလာရန်အောင်ကျောင်း၊ မကွေးမြို့။
(၉) ဦးပဏ္ဍ၀ ။ မင်္ဂလာရန်အောင်ကျောင်း၊ မကွေးမြို့။
(၁၀) ဦးစန္ဒောဘာသ ။ မဟာဝိသုတာရာမတိုက်သစ်ကျောင်း။ မကွေးမြို့။
အထက်ပါ သင်တန်းသားသံဃာတော်အရှင်မြတ်(၁၀)ပါးတက်ရောက်သင်ကြားကြပါသည်။

0 comments:
Post a Comment