ဆွမ်းလောင်းရင်း မိုးလင်းသွားစဉ်
ဆွမ်းလောင်းလှူနေသော မငြိမ်းအိထွေး၊ဒေါ်ဝါယမီ၊ဒေါ်ကြည်ဌေး၊ဒေါ်ဝိလာသီ၊ မောင်ဇော်ဇော်အောင်
အရုဏ်ဆွမ်း-ကြာဇံချက် အလှူရှင်ဒေါက်တာမျိုးမင်းသန့်+ဒေါ်မေယမင်းသူ(ရန်ကုန်မြို့)
နေ့ဆွမ်း
ဆွမ်း+ပဲ
ကိုဖြိုး+ကိုထက် (ရွှေအိမ်ဖြူတယ်လီဖုန်းရောင်းဝယ်ရေး၊ မန္တလေးမြို့)
နေ့ဆွမ်းဟင်း - ၀က်သား+ဂေါ်ရခါးသီး၊ သရက်ချဉ်၊ ငရုတ်သီးကြော်
မ၀ါဝါခိုင်မင်း ၊ ကိုရန်အောင် ၊ ရွာသားလေးဝိုင်တီယူ၊ ဂျူလိုင်ဒရင်းတို့ဦးဆောင်သော တစ်နှစ်စာဆွမ်းအလှူရှင်များအဖွဲ့နှင့် ဦးအောင်ဖေအား ရည်စူး၍ ဒေါ်နန်းသန္တာအောင်ကောင်းမှု
ဆီ- ဒေါ်ချို (ဒေါ်ချို ကုန်မျိုးစုံ ရောင်းဝယ်ရေး၊ ရွှေဘို)
ဝေယျာဝစ္စကုသိုလ်ရှင်များ
ဦးသုဇာတ ၊ဦးအာဒိစ္စ ၊ ဦးပညာသာမိ ၊ ဦးကေသ၀ ၊ ဦးသာသန
ဦးသုဇာတ ကတော့ ညပိုင်းဆွမ်းချက်တဲ့နေရာမှာတာဝန်ယူပြီးဆောင်ရွက်ပေးပါတယ်။၊ဦးအာဒိစ္စ ၊ ဦးပညာသာမိ တို့ကတော့ နံနက်အစော စားပွဲခုံများ ချခြင်း၊ ထိုင်ခုံများစီစဉ်ပေးခြင်း ၊ အာရုဏ် ကပ်ရာမှာ အစစအရာရာ ကြာဇံဟင်း လိုက်ထည့်ခြင်းများဆောင်ရွက်ကြပြီး ဦးကေသ၀ ၊ ဦးသာသန တို့ကတော့ နေ့ဆွမ်းလောင်းလှူရာမှာ ပါဝင်ကုသိုလ်ယူကြပါတယ်။ သီလရှင်ဝေယျာဝစ္စ ကုသိုလ်ရှင်များဒေါ်ဝါယမီ ၊ ဒေါ်ဝိလာသီ ၊ မစရဏမဉ္စရီ တို့မှ ဟင်းချက်စဉ်များနှင့်နေ့ဆွမ်းလောင်း လှူရာတွင် ကုသိုလ်ယူကြပါတယ်။ ဒါယကာ၊ ဒါယိကာမ ကုသိုလ်ရှင်များကတော့မောင်ဇော်ဇော်အောင်၊ မောင်ဇော်ထွေးဦး၊ မောင်ဂစ်တာ၊ မောင်ဇော်၊ မောင်ဝေ တို့ဖြစ်ကြပြီးဒေါ်ကြည်ဌေး၊နှင့်သမီး မပွေး၊ နှင့်ညီမ မငြိမ်းအိထွေး တို့ဖြစ်ကြပါတယ်။
နံနက် ၅နာရီခွဲမှာစတင် အာရုဏ်ကပ်လှူကြပါတယ်။
မနက်စောစော ရာသီဥတုအေးအေးမှာ ကြာဆံချက်ကတော်တော်လေးအဆင်ပြေပါတယ်။ သံဃာတော်များတစ်ပါးကို နှစ်ပန်းကန်စီလောက်ဘုန်းပေးကြတယ်။ အ၀ဘုဉ်းပေးကြပါတယ်။ ဝေယျာဝစ္စများလည်းတက်တက်ကြွကြွ ဆောင်ရွက်ကြပါတယ်။ ဝေယျာဝစ္စ ဒါယကာ၊ ဒါယိကာမများကို နော်ဝေနိုင်ငံမှ အလှူရှင်တစ်ဦးမှ ပုဆိုး များ ထမီများ လှူပေးထားတော့ လာဆောင်ရွက်ကြတဲ့ဝေယျာဝစ္စများ လည်းမညည်းငွေ့တော့ပါဘူး။ ကြာဇံချက်ကတော်တော် ကောင်းတော့ ဗိုက်က ဆာဆာနဲ့ ရာသီဥတုက အေးအေး ကြာဇံကလည်းပူပူလေးဆိုတော့ဝေယျာဝစ္စ တွေအတွက်ကို မကျန်အောင်ဖြစ်သွားပါတယ်။ သံဃာအပါး ၃၀၀ လောက်ဘုန်းပေးကြပါတယ်။ ဦးဇင်းကြီးတွေကိုတော့ ကျောင်းထဲမှာ စောင်ခင်းပြီးစားပွဲဝိုင်း တွေ ဌားပြီး ကပ်ပါတယ်။
စားပွဲဝိုင်း သုံးလုံးလောက် အလှူရှင်ရှိရင် ဌားရမ်းရတဲ့အခက်အခဲမရှိတော့ပါဘူး။ နေ့ဆွမ်းက တစ်ပတ်မှာ တစ်ကြိမ်လောင်းတဲ့ ၀က်သားဆိုတော့ မညည်းငွေ့နိုင်ပါဘူး၊ သရက်ချဉ်သုတ်ပါ ထည့်ထားတော့ ဘုန်းပေးရတာမအီတော့ပါဘူး။ ပဲလေးနဲ့ ငရုတ်သီးကြော်လည်းပါတော့ တော်တော်အဆင်သွားတာပေါ့။ နေ့ဆွမ်း ကိုတော့ သံဃာ အပါး ၄၅၀ လောက် ကြွရောက် ၍ အလှူခံယူတော်မူကြပါတယ်။
အခုလိုဆွမ်းလောင်းအသင်းဖြစ်မြောက်အောင် စတင် အကောင်အထည်ဖော်နိုင်ရန်နှင့် နယ်သင်တန်း မျာဖွင့်လှစ်နိုင်အောင်ကူညီပေးခဲ့ကြသော ဦးဇင်းရဲ့ ကျေးဇူးရှင်များဆိုရင်လည်းမမှားပါဘူး။ အမည်မဖော်လိုသူ အလှူရှင်များ နှင့် မ၀ါဝါခိုင်မင်း ကိုရန်အောင် ကိုပီကေ တို့ နှင့် ဦးဇင်းရဲ့ ဒါယကာများ ကိုဖြိုး နှင့် ကိုထက် အပါအ၀င် ကျောင်းအတွက် မီးစက်နှင် ရေကန်အတွက်အဆင်ပြေစေရန် ပံ့ပိုးပေးသော ဒါယိကာမကြီး ဒေါ်နန်းသန္တာအောင် နှင့် အခြားအလှူရှင်များအားလုံး ကို နေ့စဉ်ပဲ မေတ္တာပို့သလျှက်ရှိပါတယ်။ ယခုဆိုလျှင် သင်တန်းကိစ္စများ ၊ဆွမ်းလောင်းအသင်းနှင့် အခြားထောက်ပံ့ရေးအစီအစဉ်များကိုပါ တိုးချဲ့ ဆောင်ရွက်နိုင်ပြီဖြစ်ပါတယ်။ မြရတနာ ကျေးရွာအတွက် ရေတွင်းတူးအစီအစဉ်မှစ၍ ယခုဆိုလျှင် လျှပ်စစ်မီးရရှိရေး၊ စာကြည်တိုက် အပတ်စဉ် ဥပုသ်စောင့် သီလယူတရားနာရန် အစီအစဉ်များ တရားပွဲအစီအစဉ်များကိုပါ ဆောင်ရွက်လျှက်ရှိပါတယ်။
ဦးဇင်း

0 comments:
Post a Comment