Wednesday, November 18, 2009

စာရေးဆရာ ရွှေလမ်းငွေလမ်း ဝင်းကြည်၏ ပညာဒါနအလှူ

သံဃာတော်တိုင်း အခမဲ့

စက်ရော ဆီရော အခန်းပါ လှူသည့် ကွန်ပျူတာဆိုင်
၁၂-၁၁-၂၀၀၉ ၊နေ့ နံနက်(၇)နာရီတွင်ပညာရေးဒါနအဖြစ် (ကွန်ပျူတာများနှင့်မီးစက်အခမဲ့အသုံးပြုရန်) အလှူရှင်ရွှေလမ်းငွေလမ်းဝင်းကြည်၊ဒေါ်ခင်စီမိသားစု၏ GB Cyber Cafe အမှတ်(၅)ဟိန္ဒူဆိုင်တိုက်တန်း၊ပြည်တော်သာလမ်း၊ ရွာသစ်ရပ်၊ မကွေးမြို့တွင်အမှတ်စဉ်(၁)သင်တန်းကို ဖွင့်လှစ်ခဲ့သည်။
ယင်းသင်တန်းအားမကွေးတိုင်းသံဃာ့နာယက အဖွဲ့နှင့်တိုင်းသာသနာရေးဦးစီးမှူးရုံးမှ ဦးစီးကျင်းပဆောင်ရွက်ပေးပါသည်။
သင်တန်းပို့ချပေးသော ဆရာတော်များမှာ စစ်ကိုင်းမြို့ EVERYONE ITEducation ဝေပုလ္လကျောင်းတိုက် (အခမဲ့ကွန်ပျူတာသင်တန်းကျောင်း)၊ (စစ်ကိုင်းတောင်ရိုး ဆွမ်းလောင်းအသင်း) ဦးစီးဆရာတော် ဦးကောဝိဒ နှင့်မန္တလေးမြို့ မြင်ဝန်မင်းကြီးကျောင်းတိုက် စာချဆရာတော် ဦးပညာဝံသတို့နှစ်ပါးသင်ကြားပို့ချပေကြမည်။ သင်တန်းပို့ချရန်အတွက်ဆရာတော်နှစ်ပါးအားမန္တလေး။ မကွေးခရီးစရိတ်အားရွှေဒိုမိန်းမိသားစုမှကျပ်ငွေ(၂၅၀၀၀၀ိ)နှစ်သိန်းငါးသောင်းလှူဒါန်းထားကြောင်းကြားသိရ၏။

ယင်းဆရာတော်နှစ်ပါးအားမကွေးတိုင်းသံဃာ့နာယက ဥက္ကဌ ဆရာတော် ပညာစက္ကကျောင်းတွင်ဧည့်ခံသတင်းသုံးနေထိုင်တော်မူကြောင်းသိရပါသည်။ အမှတ်စဉ်(၁)သင်တန်းတွင်တက်ရောက်ကြားကြသောဆရာတော်များမှာ မကွေးမြို့ စာသင်တိုက် အသီးသီးမှစာချဆရာတော်များ ဖြစ်ကြောင်းသိရ၏။ ကွန်ပျူတာ အခြေခံမှ စ၍စာစီစာရိုက်နည်းပညာများ၊ windows အသုံးပြုနည်းများအခြားကွန်ပျူတာနှင့်ပါက်သက်သော နည်းပညာများတိပိဋက အဘိဓာန် ဆော့ဝဲများအားအသုံးပြုခြင်း နိုင်ငံတကာနှင့် ရင်ဘောင်တန်း ၍ ကွန်ပျူတာအသုံးပြုနိုင်ရန် အထိ လေ့ကျင့်သင်တန်းပို့ချပေးမည်ဟု ကြားသိရပါသည်။

သင်တန်းကာလမှာ (၁)လဖြစ်၍ တစ်ပါတ်လျှင် ကြာသာပတေးနေ့၊ သောကြာနေ့၊စနေနေ့(၃)ရက် ပို့ချပေးပါမည်။ သင်တန်းချိန်မှာ နံနက်(၇-၉)နာရီတစ်ချိန်၊နေ့လည်(၁-၃)နာရီ၊ တစ်ရက်(၂)ချိန်သင်ကြားပို့ချပေးပါမည်။သင်တန်းနှစ်သုတ်သင်ကြားပေးသွားမည်ဖြစ်ပါတယ်။ ယင်းသင်တန်းသို့တက်ရောက်သင်ကြားလိုကြသော ဆရာတော်၊သီလရှင် များအား မကွေးတိုင်း သံဃာ့နာယကအဖွဲ့ထံ စုံစမ်းစာရင်းပေးသွင်းကြရမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။

အဆိုပါသင်တန်းများသို့ ဆက်သွယ် လိုပါက ၀၉-၂၁၁၀၂၀၂ ၊ ၀၂-၆၅၃၇၁ ၊ ၀၆၃-၂၅၁၉၇သို့ဆက်သွယ်နိုင်ကြပါသည်။

2 comments:

KO GYI said...

သာဓု.....သဓု....သာဓု..... ပါ ခင်ဗျာ။

Anonymous said...

သာဓု။ သာဓု။ သာဓု။
ဆရာကြီး စာပေရော စီးပွားရေးရော အောင်မြင်သထက်အောင်မြင်ပါစေဗျာ။