နေ့ဆွမ်းလောင်းပြီအရုဏ်ဆွမ်း - ကြက်သားကြာဆံချက် (သံဃာကုန်+ သီလရှင် အပါး ၃၀၀)
အရှင်ဓမ္မသာမိ (မော်လူး)၊ မင်္ဂလာရာမ ဝိဟာရကျောင်း။ ဆဲလ်ဗားစပရင်းမြို့၊ မယ်ရီလင်းပြည်နယ်၊ အမေရိကန် ပြည်ထောင်စု
နေ့ဆွမ်း
ဝက်သား+ဂေါ်ရခါးသီး၊ သရက်ချဉ်၊ ငါးပိကြော်
မဝါဝါခိုင်မင်း၊ ကိုရန်အောင်၊ JulyDream၊ ရွာသားလေး ဝိုင်တီယူတို့၏ နေ့ဆွမ်းအလှူရှင်များအဖွဲ့၊ ဒေါ်နန်းသန္တာအောင် (စင်ကာပူ)
ဆွမ်းထမင်း+ပဲနှပ် -ကိုဖြိုး+ကိုထက် (ရွှေအိမ်ဖြူ တယ်လီဖုန်းရောင်းဝယ်ရေး၊ မန္တလေး)
ဆီ- ဒေါ်ချို (ဒေါ်ချို ကုန်မျိုးစုံ ရောင်းဝယ်ရေး၊ ရွှေဘိုမြို့)
သီလရှင် အပါး ၂၀၀ - သွားတိုက်ဆေး+ သွားတိုက်တံ အလှူရှင် - မမေကြူအောင်၊ ရန်ကုန်မြို့
သီလရှင် အပါး ၂၀၀ - သွားတိုက်ဆေး+ သွားတိုက်တံ အလှူရှင် - မမေကြူအောင်၊ ရန်ကုန်မြို့
သီလရှင် အပါး ၃၀၀ ဆပ်ပြာမှုန့်၊ ခေါင်းရိတ်ဓား။ အပါး ၁၀၀ သွားတိုက်ဆေး+သွားတိုက်တံ - အလှူရှင် ----------
ဝေယျာဝစ္စဒါန
-ဦးပညာသာမိ (မင်္ဂလာသိင်္ဂီ ကျောင်းတိုက်)၊ ဦးသုဇာတ (သီတဂူ ဗုဒ္ဓတတ္ကသိုလ် ဒီပလိုမာ နောက်ဆုံးနှစ်)၊ ဦးဇဝန (သုံးခွကျောင်းတိုက်)၊
-သီလရှင်ဆရာလေး မစရဏမဉ္စရီနှင့် ဆရာကြီးဆရာလေးများ
-ကိုဇော်ဇော်အောင်၊ ကိုဂစ်တာ၊ ကိုဇော်၊ မဇင်မာထွေး၊ မဇင်မာညိမ်း၊ ဒေါ်ကြည်ဌေးနှင့် သမီးနှစ်ဦး
မနက် ၅ နာရီမိနစ် ၂၀မှာ သံဃာတွေကို အရုဏ်ဆွမ်း စကပ်ပါတယ်။ အမေရိကန်မှ အရှင်ဓမ္မသာမိက သံဃာတော်နဲ့ သီလရှင်များကို ကြက်သားကြာဆံချက် အရုဏ်ဆွမ်း လှူဒါန်းတယ်။
ကိုရင်လေးတွေက မိုးမလင်းခင်ကတည်းက တောင်ရိုးတစ်ဝိုက်က ကျောင်းအသီးသီးက ကြွလာပြီး ကျောင်းရှေ့အမှောင်ထုမှာ သပိတ်တွေချလို့ စောင့်နေတယ်။ ဝါကျွတ်လို့ သံဃာတွေ ရွာပြန်ကြွကြတဲ့ အချိန်တောင် ဒီနေ့ အရုဏ်ဆွမ်း ဘုဉ်းပေးတာ ပိုများလာတယ်။ ကြာဆံချက်ကို အပါး ၃၀၀ လောက် ကြွရောက်ဘုဉ်းပေးကြတယ်။
တိုက်တိုက်ဆိုင်ဆိုင် ဒီနေ့က သီပေါဘုရင် ပါတော်မူတာ ၁၂၄ နှစ်ပြည့်တဲ့နေ့ ဖြစ်ပါတယ်။ မန္တလေးမြို့တော်ကို ဂျင်နရယ် ပရင်ဒါဂတ်ရဲ့ တပ်တွေ ဝင်သိမ်းပြီး နောက်တစ်ရက်မှာ မင်းနဲ့မိဖုရားကို သူရိယသင်္ဘောပေါ် တင်ခဲ့တဲ့ နေ့ပါ။
မနက် ၆ နာရီမှာ နေ့ဆွမ်း စလောင်းတယ်။ အပါး ၅၀၀ လောက် လောင်းရတယ်။ အရုဏ် ဘုဉ်းပေးရမယ့် သီလရှင် ဆရာကြီး ဆရာလေးတွေပါ သံဃာတွေဖို့ နေ့ဆွမ်း ဝင်ရောက်လောင်းလှူပေးကြတယ်။ အရုဏ်ဆွမ်းအလှူရှင် အရှင်ဓမ္မသာမိက သီလရှင်ပါ အပါး ၃၀၀ ပင့်ဖိတ်တာမို့ ဒီနေ့ အပါးရေ အများဆုံး အရုဏ်ဆွမ်း ကပ်ရတဲ့နေ့ ဖြစ်ပါတယ်။ မနက်ချမ်းချမ်းစီးစီးနဲ့ လိုက်ဖက်လှတဲ့ ကြာဆံချက်ပူပူကို သံဃာရော သီလရှင်ပါ တစ်ပါး နှစ်ပန်းကန်ခန့် ဘုဉ်းပေးကြတယ်။
နေ့ဆွမ်းအတွက် ကိုဖြိုးနဲ့ ကိုထက်က စနေနေ့ကတည်းက ဆန် ၁၅ အိတ် လာလှူသွားတယ်။ မနေ့က ပဲတစ်အိတ်ပါ ထပ်လာလှူတယ်။ တနင်္လာဆွမ်းလောင်းအတွက် ဆွမ်းထမင်း (ဆန်)နဲ့ပဲကို ကိုဖြိုးနဲ့ ကိုထက်က ပင်တိုင် လှူပါတယ်။ ကိုဖြိုးတို့က ဆန်လာပို့ရင်း ဇိနောဒယ စာသင်တိုက်နဲ့ မြစကြ်ာ စာသင်တိုက်အတွက် အိုဗာတင်းနဲ့ခေါင်းရိတ်ဓားတွေလဲ လာလှူတာပါ။
သီလရှင် အပါး ၃၀၀ ကို အရုဏ်ဆွမ်း ဆက်ကပ်အပြီးမှာ တစ်ပါးကို ဆပ်ပြာမှုန့် ၁ ထုပ်၊ ခေါင်းရိတ်ဓား ၁ ချောင်း၊ သွားတိုက်ဆေး တစ်ဘူး၊ သွားတိုက်တံ တစ်ချောင်းစီ ကပ်လှူပါတယ်။
အလှူခံယူနေတဲ့ သီလရှင်များ(ဖုန်းနဲ့ အင်တာနက် အခက်အခဲကြောင့် ဒီအပတ် ပို့စ်အတင် နောက်ကျသွားတာ သည်းခံစေလိုပါတယ်။)





0 comments:
Post a Comment