ဒီတစ်ခေါက် အရုဏ်ဆွမ်းက မုန့်လုံးရေပေါ်
ဝက်သားနဲ့ ဂေါ်ရခါးသီးရယ်၊ ပဲနှပ်နဲ့ သရက်ချဉ်ရယ်၊ ငါးပိကြော်ရယ်
အရုဏ်ဆွမ်း ဘုဉ်းပေးကြမယ်အရုဏ်ဆွမ်း
မုန့်လုံးရေပေါ် -ဦးဇော်သောင်း+ဒေါ်အေးသန်းမိသားစု (စစ်ကိုင်း)
နေ့ဆွမ်း
ဆွမ်းထမင်း+ပဲနှပ်
ကိုဖြိုး+ကိုထက်
ဆွမ်းဟင်း
ဝက်သား+ဂေါ်ရခါးသီးချက်၊ သရက်ချဉ်+ငရုတ်သီးငါးပိကြော်
မဝါဝါခိုင်မင်း၊ ကိုရန်အောင်၊ JulyDream၊ ရွာသားလေး YTU တို့၏ နေ့ဆွမ်းအလှူရှင်များအဖွဲ့
ဆီ - ဒေါ်ချို (ဒေါ်ချို ကုန်မျိုးစုံ ရောင်းဝယ်ရေး၊ ရွှေဘိုမြို့)
သီလရှင် အပါး ၅၀ - အရုဏ်ဆွမ်း + ဆပ်ပြာမှုန့် အလှူရှင် .............
ဝေယျာဝစ္စဒါန
-ဦးပညာဝံသ (မန္တလေး မြင်းဝန်မင်းကြီးကျောင်းတိုက်)၊ ဦးဥတ္တမ (မန္တလေး မစိုးရိမ်တိုက်သစ်)
-ဆရာကြီး ဒေါ်ဝိလာသီ (အောင်မြေသာဇံချောင်)၊ ဆရာကြီး ဒေါ်ဝါယမီ (သိပ္ပမဉ္စရီချောင်)၊ ဆရာလေးမစရဏမဉ္စရီ (သုခမဉ္စရီချောင်)
--ကိုဇော်ဇော်အောင်၊ ကိုဝေ၊ မဇင်မာထွေး၊ မဇင်မာငြိမ်း

ဒီနေ့ အရုဏ်ဆွမ်းအတွက် ဆရာလေး မစရဏမဉ္စရီရဲ့ မိဘနှစ်ပါး ဖြစ်တဲ့ ဦးဇော်သောင်း၊ ဒေါ်အေးသန်းတို့က မုန့်လုံးရေပေါ် ကပ်လှူတယ်။ သီလရှင် ဆရာကြီး ဆရာလေးတွေ မုန့်လုံးရေပေါ် လုံးပေးပြီး ည ၁၁ နာရီခွဲမှာ ပြန်ကြွသွားကြတယ်။ အရုဏ်ဆွမ်းအတွက် မုန့်လုံးရေပေါ် လာလုံးပေးသွားတဲ့ ဆရာကြီး ဒေါ်ဝိလာသီတို့၊ ဒေါ်ဝါယမီတို့က ကျောင်းနေဆရာလေးတွေကို ကြီးမှူးအုပ်ချုပ်တဲ့ ချောင်ဆရာကြီးတွေ ဖြစ်ကြပါတယ်။ ဆွမ်းလောင်းမှာ ဝိုင်းဝန်းလုပ်ကိုင်စီမံပေးဖို့ မန္တလေးက ကြွလာတဲ့ ဦးဇင်းနှစ်ပါးက စာသင်သား ကိုယ်တော်တွေပါ။ မစိုးရိမ်တိုက်သစ်က ဦးဥတ္တမ က ဓမ္မာစရိယတန်း၊ ဦးပညာဝံသက ပထမကြီးတန်း ဖြေရပါမယ်။
မနက် ၅ နာ၇ီ ၃၀ မှာ အရုဏ် မုန့်လုံးရေပေါ်ဆွမ်း စကပ်တယ်။ ပြီးတော့ နေ့ဆွမ်း လောင်းလှူတယ်။ ဝက်သားကို ဒီနေ့ အာလူးမရောတော့ဘဲ ဂေါ်ရခါးသီးနဲ့ အချိုချက်တယ်။ အပတ်စဉ် ကပ်နေကျ ငါးဖောင်ရိုးကြော်ကို အနားပေးပြီး ငါးပိကြော် ကပ်တယ်။

သီလရှင် ဆရာကြီးဆရာလေးတွေကို မနက် ၇ နာရီမှာ အရုဏ်ဆွမ်း မုန့်လုံးရေပေါ် စကပ်တယ်။ ဘုဉ်းပေးပြီးတာနဲ့ ဆပ်ပြာမှုန့်ထုပ်များလဲ လောင်းလှူပါတယ်။

0 comments:
Post a Comment