နေ့ဆွမ်းခံနေတဲ့ သံဃာတွေ
ဆပ်ပြာမှုန့် လောင်းလှူနေတဲ့ ကိုဇော်
စီတန်းခံယူနေတဲ့ ဆရာလေးတွေအရုဏ်ဆွမ်း - မုန့်ဟင်းခါး
နေ့ဆွမ်း - ၀က်သား+အာလူး ဆီပြန်၊ ကုလားပဲနှပ်၊ သရက်ချဉ်၊ ဘာလချောင်ကြော်၊ ဆွမ်းထမင်း
အလှူရှင် - မသန္တာဝင်း (စင်ကာပူ)
သီလရှင် ၅၀ ပါး အရုဏ်ဆွမ်းနှင့် ဆပ်ပြာမှုန့် - အလှူရှင် ...........
ဝေယျာဝစ္စဒါန
-ဦးကဝိဓဇ (ဖျာပုံကျောင်း)၊ ဦးပညာသာမိ (မင်္ဂလာသိင်္ဂီကျောင်း)
-ကိုကျော်စိုးအောင်၊ ကိုဇော်ဇော်အောင်၊ ကိုဝေ၊ မောင်မျိုးမင်းဇော်(ခ) ကိုဇော်
-ဆရာကြီး ဒေါ်ဝိလာသီ၊ ဒေါ်ဝါယမီ၊ ဆရာလေး မစရဏမဉ္စူရီ၊
-မဇင်မာထွေး၊ မဇင်မာငြိမ်း
-ဆရာကြီး ဒေါ်ဝိလာသီ၊ ဒေါ်ဝါယမီ၊ ဆရာလေး မစရဏမဉ္စူရီ၊
-မဇင်မာထွေး၊ မဇင်မာငြိမ်း
မနက် ၅ နာရီ ၂၀ မှာ သံဃာအရုဏ်ဆွမ်း စကပ်တယ်။ သာမဏေ အပါး ၁၀၀ ခန့်က ကျောင်းရှေ့မှာ သပိတ်လေးတွေ ချပြီး အမှောင်ထုထဲ စောင့်နှင့်နေကြပါတယ်။
ဆွမ်းလောင်းတိုင်း လာလောင်းလှူ၊ လုပ်အားပေး၊ ညကတည်းက ရောက်လာပြီး ဆွမ်းချက်ပေးတတ်တဲ့ ကိုဂစ်တာ (ဂစ်တာတွေ ကိုယ်တိုင်လုပ်ပြီး ရောင်းချလို့ ဂစ်တာလို့ ခေါ်ကြတာပါ)က ဆိုင်ကယ်မှောက်လို့ မလာနိုင်ဘူး။ ကံကောင်းစွာပဲ ဒဏ်ရာ မပြင်းဘူးလို့ သိရပါတယ်။
မနက် ၆ နာရီ ဝန်းကျင်မှာ အရုဏ်ဆွမ်း ဘုဉ်းပေးပြီးတာ အပါး ၂၀၀ ကျော်ပြီ။ အဝဆက်ကပ်တာဆိုတော့ လိုက်ပွဲလိုတိုင်း ဝေယျာဝစ္စတွေ ထပ်ထပ်ဖြည့်ပေးနေတယ်။ မုန့်ဟင်းခါး ဘုဉ်းပေးပြီးတဲ့ ကိုယ်တော်တွေကို သပိတ်ထဲ နေ့ဆွမ်းကပ်တယ်။ ကျောင်းလိုက် တန်းစီကြွလာတဲ့ ဆွမ်းတန်းတွေကိုလဲ ကပ်တယ်။ သံဃာတွေအကြိုက် ငါးပိကြော် (ဘာလချောင်ကြော်)ကို ဒီနေ့ အပြောင်းအလဲ ချက်ပြီး ဆက်ကပ်တယ်။
တနင်္လာ ဆွမ်းလောင်းမှာ ကိုဖြိုး၊ ကိုထက်တို့က ပဲနီချက် အမြဲ လောင်းလှူတယ်။ ဒီနေ့ စင်ကာပူ အလှူရှင်က ကုလားပဲနှပ် ဆက်ကပ်တယ်။ ဝက်သား အာလူးဟင်းနဲ့ ဟင်းရံတွေ တွဲပြီး ဆွမ်းထမင်း (ကြွေဟင်းရည်သောက်ဇလုံ) တစ်ဇလုံနဲ့ အပါးစေ့ ဆက်ကပ်တာ သံဃာ အပါး ၄၀၀ ကျော် လောင်းလှူရပါတယ်။


0 comments:
Post a Comment