Thursday, October 15, 2009

မန်းသားတို့ရဲ့ ဘုံဆွမ်းလောင်းပွဲ


မန္တလေးမြို့ရဲ့ အရုဏ်ဦးမှာ ဆွမ်းခံကြွလာတဲ့ သံဃာများ

မန္တလေးမြို့က သဗ္ဗသုခ ဆွမ်းလောင်းသင်းက သံဃာတော်တွေကို လစဉ် လပြည့်ကျော် ၃ ရက်နေ့တိုင်း ဆွမ်း လောင်းပါတယ်။ သံဃာ အပါး ၄၀၀ ကို လတိုင်း သပိတ်ပြည့် လောင်းလှူတယ်။ ဟင်းက အသားဆီပြန်ဟင်းတစ်ခွက်ပါမယ်။ ပဲနှပ်ပါမယ်။ ငါးခြောက်ဟင်းတစ်ခွက် ပါမယ်။ ငရုတ်သီးကြော် ပါမယ်။ အသီးအရွက်ကြော် ဒါမှမဟုတ် အခြား ဟင်းတစ်မျိုး ပါမယ်။ ဆွမ်းနဲ့ ဟင်း ၅ မျိုး ပုံမှန် လောင်းလှူပါတယ်။
ဒီတစ်လတော့ ဝက်သားဟင်း ကပ်တယ်။ ကုလားပဲနှပ်၊ အစိမ်းကြော်၊ ငါးခြောက်ကြော်၊ သရက်ချဉ်သုတ်တွေပါ လောင်းတယ်။ ဆပ်ပြာခဲ၊ ဆပ်ပြာမှုန့်၊ အိုဗာတင်းများပါ လောင်းလှူပါတယ်။

၃၂ လမ်းနဲ့ ၈၂ လမ်းထောင့်မှာ မနက် ၅ နာရီက စပြီး ကြွလာသမျှ သံဃာတွေကို အပါး ၄၀၀ ပြည့်ထဲထိ သပိတ်ပြည့် ဆွမ်း ဆက်ကပ်ကြတယ်။
သဗ္ဗသုခ ဆွမ်းလောင်းသင်းက မကြာသေးခင်က စစ်ကိုင်း မြစကြ်ာ ကျောင်းတိုက်မှာလဲ သံဃာ အပါး ၂၅၀ ခန့်ကို အပါးစေ့ သင်္ကန်း ဆက်ကပ်တယ်။ မြစကြ်ာ စာသင်တိုက်က ပရိပတ္တိကို အလွန်ကြိုးစားအားထုတ်ရပြီး ဝိနည်းလဲ မလျော့တမ်း တင်းကျပ်ပါတယ်။

မန္တလေးမှာ စာဝါလိုက်၊ ပရိယတ် ပဋိပတ် ဝန်ဆောင်နေတဲ့ သံဃာတော်များကို လှူဒါန်းချင်တဲ့ အဝေးရောက် မန္တလေးသားများနဲ့ စေတနာရှင် ဒကာဒကာမများ သဗ္ဗသုခ ဆွမ်းလောင်းအသင်း၊ ၃၂ လမ်းနဲ့ ၈၂ လမ်းကြား၊ မန္တလေးမြို့ ဒါမှမဟုတ် ဖုန်း-၀၉၂၀၁၃၈၁၁၊ ၀၉-၂၀၀၉၀၀၀ တို့ကို ဆက်သွယ်နိုင်ကြပါတယ်။


သင်္ကန်းအလှူ ခံယူနေသည့် သာမဏေငယ် (စစ်ကိုင်း မြစကြ်ာ စာသင်တိုက်)
မနက် မိုးမလင်းခင် ကြွလာတဲ့ သံဃာတွေ

0 comments: