Monday, October 19, 2009

ကမ္ဘာအရပ်ရပ်မှမြန်မာလူမျိုးများ၏ ပထမအကြိမ် စုပေါင်းမဟာဘုံကထိန် အကြို ဆွမ်းလောင်း







အရုဏ်ဆွမ်း - မုန့်ဟင်းခါး (အလှူရှင် .........)

နေ့ဆွမ်း
ဝက်သားဆီပြန်၊ ပဲနှပ်၊ သရက်ချဉ်၊ ငရုတ်သီးကြော်
(မဝါဝါခိုင်မင်း၊ ကိုရန်အောင်၊ JulyDream၊ ရွာသားလေး ဝိုင်တီယူတို့၏ နေ့ဆွမ်းအလှူရှင် မောင်နှမများအဖွဲ့၊ ဒေါ်နန်းသန္တာအောင်၊ ကိုဖြိုး+ကိုထက်)

ဆွမ်းထမင်း+ ပဲနှပ် - ကိုဖြိုး+ကိုထက်
ဆီ - ဒေါ်ချို (ဒေါ်ချို ကုန်မျိုးစုံ ရောင်းမျိုးစုံ ရောင်းဝယ်ရေး၊ မုံရွာမြို့)

ဆပ်ပြာမှုန့်၊ ဘောပင်၊ ခေါင်းရိတ်ဓား - ဆရာတော် ဦးလောကနာထ၊ အယ်ဆိုဘရန်တီ အလိုတော်ပြည့်ကျောင်း၊ အမေရိကန် ပြည်ထောင်စု

ဝေယျာဝစ္စဒါန

ဦးအာဒိစ္စ၊ ဦးပညာဝံသ၊ ဦးသုဇာတ၊
ဆရာလေး မစရဏမဉ္စရီ
ကိုညီညီ၊ ဒေါ်ဥမ္မာဌေး၊ ကိုဇော်၊ ကိုဇော်ထွေးဦး၊ ကိုဝေ၊ ကိုဂစ်တာ

မနက် ၅ နာရီ ၁၅ မိနစ်မှာ အရုဏ် မုန့်ဟင်းခါးဆွမ်း စကပ်နေပါပြီ။ စစချင်း သံဃာ အပါး ၁၀၀ ဘုဉ်းပေးနေပါတယ်။ ကိုဖြိုးနဲ့ ကိုထက်က ဆွမ်းလောင်းအတွက် ဝက်သား ၁၅ ပိဿာ ထပ်လှူတော့ ဒီနေ့ အာလူး ရောစရာ မလိုဘဲ ဝက်သားဆီပြန် ကပ်နိုင်သွားတယ်။ ကိုဖြိုးတို့က ဟင်းချက်ဖို့လဲ မန္တလေးက ဒကာလေးဦး လာပို့ပေးသွားတယ်။ ကထိန်အတွက် ရန်ကုန်က ရောက်လာတဲ့ ဒကာဒကာမတွေလဲ ဆွမ်းလောင်းမှာ ဝိုင်းစီမံပေးနေတယ်။

''ဆရာလေးတို့ ပဲထည့်ပေးပါဦး၊ ပဲ''
''ဆပ်ပြာမှုန့်ထုပ်တွေ စားပွဲပေါ် ထုတ်ပေးပါ.... ဒေါက်တာ''

''ဇိနောတန်း ပြီးသွားပြီ။ ကျန်တဲ့ သံဃာတွေ ဒီဘက်က ကြွပါဘုရာ့''
''ဒကာမကြီးတို့...ဆွမ်းလောင်းရအောင်''

မနက် ၆ နာရီမှာ အပါး ၂၀၀ ကျော် အရုဏ် ဘုဉ်းပေးပြီးတော့ မုန့်ဖတ် ပြတ်သွားတယ်။ ထပ်မှာရတယ်။ အပြင်မှာလဲ နေ့ဆွမ်းကပ်ရင်း၊ ဆပ်ပြာမှုန့်၊ ဘောပင်နဲ့ ခေါင်းရိတ်ဓားတွေ လှူနေတယ်။ လှူရင်း ခေါင်းရိတ်ဓား မလောက်လို့ ပြေးဝယ်သူ ဝယ်တယ်။ သံဃာ အပါး ၆၀၀ ကျော်ပါတယ်။

1 comments:

KO GYI said...

ဝမ်းမြောက် ဝမ်းသာ သာဓု..... သာဓု..... သာဓု..... ခေါ်ဆိုမိပါတယ် ဘုရား။