အာရုဏ် မုန့်ဟင်းခါးဆွမ်းကပ်ပါတယ်
။ ကိုရင်လေးတွေမနက်အစောကြီး ၃နာရီခွဲလောက်ကစောင့်နေကြပါတယ်
သပိတ်လေးတွေလမ်းပေါ်ချပြီး ဆွမ်းလောင်းတဲ့နေရာမှာနောက်ကျမှာ စိုး၍စောင့်ဆိုင်းနေရပါတယ်။
ဆွမ်းကိုမနက်၅နာရီမှာစပြီးကပ်ပါတယ်။အပါး၂၀၀လောက်ပဲလာရောက်ဘုန်းပေးကြပါတယ်။မုန့်ဟင်းခါးတွေပိုနေချိန်မှာပဲ နောက်ပိုင်း ကိုရင်လေးတွေတဆင့်တဆင့်ပြောကြရင်း ထပ်မံရောက်ရှိလာကြပါတယ်။ ဒီလိုနဲ့မုန့်ဟင်းခါးဆွမ်းကပ် တာနံနက် ၆ နာရီ၄၅ မှာ ပြီးဆုံးသွားခဲ့ပါတယ်။ နေ့ဆွမ်းအတွက် တော့ ၀က်သား+ဂေါ်ရခါးသီး၊ သရက်ချဉ်သုတ်နှင့် ပုစွန်ခြောက်
နှင့် ငရုတ်သီးကြော် လောင်းလှူခဲ့ပါတယ်။ မနက်ဖြန်
တော့ ဒါယိကာမကြီးဒေါ်နန်းသန္တာအောင် မှတဆင့် ကိုအောင်နိုင်စိုး(စင်ကာပူ)နိုင်ငံ ၏ ဆွမ်းအလှူဖြစ်ပါတယ်။

အလှူရှင်များအားလုံး မြစင်္ကြာကျောင်းတိုက်မှ အနုနာယကဆရာတော် ဦးဝေပုလ္လ မှ အောက်ပါအတိုင်း ဆန္ဒပြုလိုက်ပါတယ်။
"အလိုရှိအပ်တောင့်တအပ်သော အလှူရှင်၏ လိုရာဆန္ဒ မှန်သမျှတို့သည် လပြည့်ည၀ယ်

ထွက်ပေါ်လာသော လပြည့်ဝန်းကဲ့သို့ လျှင်မြန်စွာပြည့်စုံနိုင်ပါစေသတည်း"

ယနေ့ဆွမ်းအလှူရှင် ဒေါ်စန်းစန်းဝင်းမှ ဝေယျာဝစ္စဆောင်ရွက်နေသော ဒါယိကာမကြီးဒေါ်ကြည်ဌေး သမီးမငြိမ်းအိထွေး သားအမိအား ငွေကျပ်သုံးသောင်း ကူညီလှူဒါန်းခဲ့ပါတယ်။

0 comments:
Post a Comment