မန္တလေးမြို့ ၈၉ လမ်းနဲ့ ၂၉ လမ်း-လမ်း၃၀ ကြား ပေါင်းဝှာရွှေဆိုင် ဇနီးမောင်နှံနှင့် ရင်သွေးငယ် လေးက စစ်ကိုင်းတောင်ရိုး ဆွမ်းလောင်းအသင်းမှ ဦးဇင်း ဦးသုဇာတကို သံဃာတော်များအား ဆွမ်းကပ်လှူရန် အလှူငွေ ၅၀၀၀၀ ကျပ်မှ ဖြစ်သော ဆွမ်းပဒေသာပင် ဆက်ကပ်နေခြင်း ဖြစ်ပါ တယ်။ပေါင်းဝှာရွှေဆိုင် မိသားစုဟာ စစ်ကိုင်းတောင်မှာ ဆွမ်းဆက်ကပ်လှူဒါန်းနေကြောင်း သတင်းကို ဖတ်ရှုရပြီး နောက် လစဉ် ဆွမ်းအတွက် ၅၀၀၀၀ ကျပ် လှူဒါန်းမည်ဖြစ်ကြောင်း ဆက်သွယ်လာခြင်း ဖြစ်ပါတယ်။
ဆွမ်းဘုဉ်းပေးနေတဲ့ သံဃာတော်တွေ။ ဦးဇင်းတွေဆိုရင် ဆွမ်းပွဲ ချပေးရုံနဲ့ ကပ်ရာမရောက်လို့ တစ်ထောင့်ထွာ အကွာအဝေးအတွင်း ဝင်ပြီး စားပွဲကို ထိပြီး ဆက်ကပ်ဖို့ သေချာ မှာရပါတယ်။
နေမကောင်းပေမယ့် ဆွမ်းခံကြွလာတဲ့ စာသင်သား သံဃာတစ်ပါးအလှူရှင်များဟာ မိမိတို့ လှူဒါန်းမယ့် နေ့ နံနက်ခင်းမှာ သံဃာတော်များ ဆွမ်းရပ်တော်မူကြမယ့် စစ်ကိုင်း တောင် သာသနာ့ဝေပုလ္လကျောင်းတိုက်ကို လူကိုယ်တိုင် လာရောက်ပြီးဖြစ်စေ၊ ရပ်ဝေးမှ ဖြစ်လျှင် ဖုန်းနဲ့ ဆက်သွယ်ပြီးဖြစ်စေ ဝမ်းမြောက်ကြည်ညို အမျှဝေနိုင်ကြပါတယ်။ ဘိုးဘွားရိပ်သာ၊ မိဘမဲ့ဂေဟာ၊ ဆေးရုံ၊ စာသင်ကျောင်း၊ မစွမ်းမသန်ဂေဟာများနဲ့ ဆင်းရဲနွမ်းပါးသူများကို လှူဒါန်းလိုရင်လဲ သွားရောက်လှူဒါန်းမယ့် အချိန်မှာ ဆွမ်းလောင်းအသင်းရဲ့ ဖုန်းကို တိုက်ရိုက်ဆက်သွယ်ပြီး အလှူခံပုဂိုလ်များနဲ့ တိုက်ရိုက် စကားပြော ကြားကာ ကိုယ်တိုင်ရောက်ရှိ လှူဒါန်းနေရဘိသကဲ့သို့ ဝမ်းမြောက်သာဓုခေါ်နိုင်ကြပါတယ်။






0 comments:
Post a Comment